ပရိသတ်ကြီးရေ ဖခင်ဖြစ်သူရဲ့ အနုပညာအမွေကို ထိုက်တန်စွာ ဆက်ခံရင်း အဆိုပညာရူးသွပ်စွာ ဝင်ရောက်လာခဲ့တဲ့ သူလေးကတော့ နိုင်ငံကျော် အဆိုတော် အိမ့်ချစ်ပဲဖြစ်ပါတယ်။ အိမ့်ချစ်က ဆယ်ကျော်သက်အရွယ်ထဲက အဖေဖြစ်တဲ့ အဆိုတော်ကြီး ချစ်ကောင်းနဲ့အတူ အခမ်းအနားပွဲအတော်များများမှာ သီဆိုရင်း ပရိသတ်တွေရဲ့ အသိအမှတ်ပြုခြင်းကို ခံခဲ့ရသူလည်းဖြစ်ပါတယ်။ ကိုယ်ပိုင်ရေးသားထားတဲ့ တေးသီချင်းတွေနဲ့ တစ်ကိုယ်တော် အယ်ဘမ်လ်များစွာကို ထွက်ရှိခဲ့တဲ့ အိမ့်ချစ်က မြန်မာနိုင်ငံရဲ့ ထိပ်တန်းအဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်......။

Photo credit - Eaint Chit's FB account
Photo credit - Eaint Chit's FB account

မကြာသေးမီအချိန်ကမှ သူမချစ်မြတ်နိုးရတဲ့ ချစ်သူနဲ့အတူ နှစ်ယောက်တစ်ဘဝကို တည်ဆောက်ခဲ့ကြတဲ့ အိမ့်ချစ်က အနုပညာလှုပ်ရှားမှုတွေကိုလည်း ဆက်လက်လုပ်ကိုင်လျက်ရှိနေတာကိုလည်း တွေ့ရပါတယ်။ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ဖန်တီးထားတဲ့ အိမ့်ချစ်က ခင်ပွန်းဖြစ်သူရဲ့ အလိုလိုက်မှုတွေကြောင့် စိတ်ချမ်းသာရကြောင်းကိုလည်း ပြောထားပါသေးတယ်။ ယခုမှာလည်း အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ အရင်ကနဲ့မတူတော့ပဲ ဝကစ်ကစ်လေးနဲ့ ချစ်စရာကောင်းလွန်းနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာထက်မှာ တင်ပေးလာတာပါနော်.....။

Photo credit - Eaint Chit's FB account
Photo credit - Eaint Chit's FB account

ချစ်စရာကောင်းလွန်းနေတဲ့ အဆိုတော် အိမ့်ချစ်က အသည်းယားစရာကောင်းလွန်းတဲ့ ပိုစ့်လေးတွေနဲ့ အတူ " ပျင်းလို့ ပုံလေးတွေတင်ပါရစေလို့ ဝနေတာလဲခွင့်လွှတ်ပါလို့ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ အိမ့်ချစ်ရဲ့ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိနဲ့ လှရက်လွန်းနေတာကြောင့် ပရိသတ်တွေကြည့်ရှုပြီး အချစ်ပိုမိနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..။ အိမ်ထောင်ရှင်မလေး အိမ့်ချစ်ရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်.......။

Photo credit - Eaint Chit's FB account
Photo credit - Eaint Chit's FB account
Photo credit - Eaint Chit's FB account

Source & Photo credit - Eaint Chit's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။