ပရိတ်သတ်ကြီးရေ.....မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတစ်ဆင့် ပရိတ်သတ်တွေရဲ့အားပေးမှုကို ရရှိလာခဲ့တာဖြစ်ပြီး နာမည်ရလာတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ ပန်းနုသွေးဆိုတဲ့ ဇာတ်ရုပ်လေးနဲ့ပရိတ်သတ်တွေစတင်သတိထားမိလာခဲ့တဲ့မေမြင့်မိုရ်ဟာ အခုလက်ရှိမှာဆိုရင် ရုပ်ရှင်ကားကြီးတွေပါ ဆက်တိုက်ရိုက်ကူးနေရပြီပဲဖြစ်ပါတယ်။

Photo credit-May Myint Mo's Facebook page
Photo credit-May Myint Mo's Facebook page

မေမြင့်မိုရ်ပါ၀င်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွဲအတော်များများဟာလည်း ပရိတ်သတ်အားပေးမှုအပြည့်အ၀ရရှိခဲ့တာပါ။ သူမဟာမိသားစုကိုလည်းအချိန်ပေးပြီး အေးဆေးစွာနေထိုင်တတ်သူတစ်ယောက်ဖြစ်တဲ့အပြင် ပရဟိတအလုပ်တွေကိုလည်းလုပ်ကိုင်လေ့ရှိသူပါ။ မေမြင့်မိုရ်ဟာ မိတ်ဆွေအပေါင်းအသင်းတွေနဲ့လည်း ပျော်ပျော်နေတတ်တဲ့သူဖြစ်တာကြောင့် အနုပညာရှင်အချင်းချင်းကြားမှာလည်း ကောင်းမွန်တဲ့ relationship ရှိတဲ့သူလေးဖြစ်ပါတယ်။

Photo credit-May Myint Mo's Facebook page
Photo credit-May Myint Mo's Facebook page

မေမြင့်မိုရ်ဟာ ဘာသာတရားကိုင်းရှိုင်းတဲ့သူလေးဖြစ်တာကြောင့် မကြာသေးမီကလည်း ကုသိုလ်ကောင်းမှုတွေကို မိသားစုနဲ့အတူလုပ်ခဲ့တာပါနော်။ မေလေးဟာ အမြဲစမတ်ကျနေတတ်တဲ့သူလေးလည်း ဖြစ်တာကြောင့် သူမရဲ့ Facebookစာမျက်နှာမှာ "အပြင်သွားရင် Mask , Face Shield လေးတွေတပ်ဖို့မမေ့နဲ့နော် အသည်းလေးတွေ" ဆိုတဲ့ captionလေးနဲ့ Face shieldလေးတပ်ကာ အထာကျနေတဲ့ပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ....ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-May Myint Mo's Facebook page
Photo credit-May Myint Mo's Facebook page

Source-May Myint Mo's Facebook page

Photo credit-May Myint Mo's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။