အမိုက်စားတက်တူးတွေနဲ့ ယောကျာ်းပီသကာ အထာကျနေပြီး ကာရိုက်တာခပ်ကြမ်းကြမ်းတွေကို သရုပ်ဆောင်လေ့ရှိတဲ့ ထူးခြားကိုတော့ ပရိသတ်တွေ သိကြမယ်ထင်ပါတယ်။ ထူးခြားက သရုပ်ဆောင် မင်းသမီးချော ပွင့်နဒီမောင်နဲ့ မောင်နှမတွေဖြစ်ပြီး နှစ်ယောက်အတူ ကိုယ်ပိုင်စီးပွားရေးလေးကိုလည်း တည်ထောင်ထားပါသေးတယ်။ ဝက်နံရိုးမီးတောက် စတဲ့ ဟင်းပွဲတွေကို ရောင်းချနေတဲ့ ထူးခြားတို့ မောင်နှမနှစ်ယောက်ကို ပရိသတ်တွေသာမကပဲ အနုပညာရှင်အချင်းချင်းကပါ အားပေးဝယ်ယူနေတာကိုလည်း တွေ့ရပါတယ်။

Photo credit - Bae Gyi- ဘဲကြီး ဖေ့ဘွတ်
Photo credit - Bae Gyi- ဘဲကြီး ဖေ့ဘွတ်

ထူးခြားက စီးပွားရေးလုပ်ငန်းအပြင် မိသားစုအရေးမှာလည်း လိုလေသေးမရှိအောင် ဂရုစိုက်တက်သူလည်း ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်နေတဲ့ ဇနီးဖြစ်သူကိုလည်း အမြဲ ချစ်ခင်ကြင်နာပြီး လူမှုကွန်ယက် စာမျက်နှာထက်မှာ နှစ်ယောက်သား ကြည်နှုးပျော်ရွှင်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို တင်ပေးလေ့ရှိသူဖြစ်လို့ ပရိသတ်တွေက အားကျနေကြတာပါနော်..။ ယနေ့မှာလည်း ရုံးက ပြန်လာတဲ့ ဇနီးဖြစ်သူကို အမိုက်စားဟင်းပွဲလေးနဲ့ လက်စွမ်းပြလိုက်တာဖြစ်ပါတယ်။

Photo credit - Bae Gyi- ဘဲကြီး ဖေ့ဘွတ်
Photo credit - Bae Gyi- ဘဲကြီး ဖေ့ဘွတ်

ထူးခြားက သူရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာထက်မှာ " မိန်းမရုံးကပြန်ရောက်တာနဲ့တစ်ခါထဲ ချက်ကျွေးပလိုက်တာဗျာ " ဆိုပြီး ရေးသားကာ ဇနီးချောလေးနဲ့ ဓာတ်ဖမ်းထားတဲ့ ကြည်နူးစရာပုံရိပ်လေးကို တင်ပေးထါးတာပဲ ဖြစ်ပါတယ်။ ထူးခြားတို့ ဇနီးမောင်နံနှစ်ယောက်ရဲ့ ပုံလေးတွေကို ကြည့်ပြီး ပရိသတ်တွေ အချစ်ပိုမိမှာ အသေအချာပဲမို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်.......။

Photo credit - Bae Gyi- ဘဲကြီး ဖေ့ဘွတ်
Photo credit - Bae Gyi- ဘဲကြီး ဖေ့ဘွတ်

Source & Photo credit - Bae Gyi- ဘဲကြီး ဖေ့ဘွတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။