တရုတ်နိုင်ငံက ပထမဆုံး X-ray space telescope ကို အောင်မြင်စွာ လွှတ်တင်လိုက်တယ်လို့ Sputnik International သတင်းမှာဖော်ပြထားပါတယ်။

အာကာသအတွင်းက Black Holes လို့ ခေါ်တဲ့ အာကာသတွင်းနက်တွေ၊ ဂမ်မာရောင်ခြည် ပေါက်ကွဲမှုတွေနဲ့ ကြယ်မှုန်တွေရဲ့ သဘောသဘာဝကို လေ့လာဖို့အတွက် X-ray space telescope ကိုအခုလို လွှတ်တင်ခြင်းဖြစ်ပါတယ်။

နိုင်ငံမြောက်ပိုင်း ဂိုဘီသဲကန္တာရက Jiuquan ဂြိုလ်တုလွှတ်တင်ရေး စင်တာကနေ Long March-4B တွန်းကန်အားပေးဒုံးပျံနဲ့ အလေးချိန်(၃)တန်နီးပါးရှိတဲ့ ဂြိုလ်တုကို သယ်ဆောင်ပြီး လွှတ်တင်လိုက်တာဖြစ်ကြောင်းသတင်းမှာဖော်ပြထားပါတယ်။

Aung  

သတင်းအရင်းမြစ် Sputnik International

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။