ပရိသတ်ကြီးရေ အဆိုတော်အာဇာနည်တို့မိသားစုလေးကတော့ သားသမီးသုံးယောက်နဲ့ စိုစိုပြေပြေရှိလှပါတယ်နော်။အာဇာနည်ရဲ့ချစ်ဇနီးချောလေးဝမ်းကလည်း သမီးချောချောလေးတစ်ယောက်ကို ထပ်မံမွေးဖွားပေးထားတာကြောင့် သားနှစ်ယောက်၊သမီးတစ်ယောက်နဲ့ လုံးဝကိုပြီးပြည့်စုံသွားပါပြီနော်။ပရိသတ်တွေကလည်း အာဇာနည်တို့မိသားစုလေးကို ချစ်ကြလို့ အမြဲစောင့်ကြည့်အားပေးကြပါတယ်။

Photo Credit:Zarni Myonyunt's Facebook Account
Photo Credit:Zarni Myonyunt's Facebook Account

ဖစ်ဖစ်တုန်နဲ့ချစ်ချစ်တုန်တို့ ညီအစ်ကိုနှစ်ယောက်ကလည်း တစ်ဦးတည်းသောညီမလေးကို အရမ်းချစ်ကြပါတယ်နော်။အာဇာနည်ရဲ့ သားသမီးသုံးယောက်လုံးက ချစ်မွှေးပါကြတဲ့ ကလေးလေးတွေဖြစ်ပြီး အသက်ငယ်ငယ်လေးတွေနဲ့ လူချစ်လူခင်ပေါများနေကြတာဖြစ်ပါတယ်။အာဇာနည်ကတော့ ချစ်ဇနီးချောနဲ့ သားသမီးတွေကို သေချာဂရုစိုက်စောင့်ရှောက်ပေးတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပါနော်။

Photo Credit:Zarni Myonyunt's Facebook Account
Photo Credit:Zarni Myonyunt's Facebook Account
Photo Credit:Zarni Myonyunt's Facebook Account

ဒီနေ့လေးမှာဆိုရင်တော့ အနုပညာရှင်အများအပြား ကိုးကွယ်ဆည်းကပ်ကြတဲ့ သစ်တံခါးဆရာတော်ဘုရားက အာဇာနည်တို့ရဲ့ အိမ်တော်မင်္ဂလာကို ကြွချီလာတာဖြစ်ပါတယ်။အာဇာနည်တို့ကလည်း မိသားစုစုံစုံလင်လင်နဲ့ သစ်တံခါးဆရာတော်ဘုရားကြီးကို ဖူးမျှော်ကြကာ တရားတွေလည်းနာလို့ ကုသိုလ်တွေယူခဲ့ကြတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Zarni Myonyunt's Facebook Account
Photo Credit:Zarni Myonyunt's Facebook Account
Photo Credit:Zarni Myonyunt's Facebook Account

Source&Photo Credit:Zarni Myonyunt's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။