သရုပ်ဆောင် ပွင့်ကတော့ ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူလေး ဖြစ်ပါတယ် ။ အနုပညာလောကမှာ နှစ်ပေါင်းများစွာကြာအောင် အနုပညာအလုပ်တွေ လုပ်ကိုင်လာခဲ့တဲ့ ပွင့်က ဇာတ်ကားပေါင်းမြောက်များစွာ ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ် ။ သရုပ်ဆောင်ပိုင်းမှာ အပြစ်ပြောစရာမလိုအောင် ထူးချွန်တဲ့ ပွင့်က အဆိုတော်အဖြစ်လည်း တေးသီချင်းတွေ သီဆိုခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Khin Pwint Phyu Theint's FB Acc
Photo Credit-Khin Pwint Phyu Theint's FB Acc
Photo Credit-Khin Pwint Phyu Theint's FB Acc

လက်ရှိမှာတော့ ပွင့်က အရသာရှိတဲ့အစားအသောက်တွေကို ကိုယ်တိုင်ချက်ပြုတ်ပြီး Online မှာ ရောင်းချနေတာပဲ ဖြစ်ပါတယ် ။ မနေ့ကတော့ ဘေဘီပွင့်တစ်ယောက် အစ်ကိုလိုလေးစားချစ်ခင်ရတဲ့ အကယ်ဒမီများရှင် မင်းသားချော ရန်အောင်ရဲ့အိမ်ကို အလည်သွားပြီး အစားအသောက်တွေပို့ပေးခဲ့တာ ဖြစ်ပါတယ် ။ အနုပညာမောင်နှမတွေဖြစ်ကြတဲ့ ပွင့်တို့နှစ်ယောက်ကတော့ ချစ်ချစ်ခင်ခင်နဲ့ ပျော်ရွှင်နေကြတာ ဖြစ်ပါတယ် ။

Photo Credit-Khin Pwint Phyu Theint's FB Acc
Photo Credit-Khin Pwint Phyu Theint's FB Acc
Photo Credit-Khin Pwint Phyu Theint's FB Acc
Photo Credit-Khin Pwint Phyu Theint's FB Acc

အခုလည်း ပွင့်က "အစ်ကိုရန်လေး နဲ့ ဘေဘီပွင့်လေးတို့ အစ်ကို့အိမ်မှာ မုန့်ပို့အပြီး မပြန်ခင်ဓာတ်ဖမ်းကြစဥ်ဝယ်။ တစ်ပုံချင်းစာလေးတွေဖတ်ရင်း ပုံလေးတွေ ကြည့်နော် အိုင်လေးတို့သိပ်ချစ်ဖို့ကောင်းနေတာယူလေးတို့တွေ့ပြီး ပြုံးမိလိမ့်မယ် သက်လား အသဲတို့" ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ မုန့်သွားပို့ရင်း ရန်အောင်ရဲ့အိမ်မှာ ပျော်ပျော်ပါးပါး ဓာတ်ဖမ်းခဲ့တဲ့ ပွင့်ရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Khin Pwint Phyu Theint's FB Acc

Photo Credit-Khin Pwint Phyu Theint's FB Acc
Photo Credit-Khin Pwint Phyu Theint's FB Acc
Photo Credit-Khin Pwint Phyu Theint's FB Acc
Photo Credit-Khin Pwint Phyu Theint's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။