သွယ်လျလှပတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားပြီး ပုရိသတွေရဲ့ အသည်းတစ်ခုလုံးကို ဖမ်းစားထားနိုင်သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။ သူမရဲ့ ပွင့်လင်းစွာ ပြောဆိုဆက်ဆံတတ်တဲ့ ပုံစံလေးတွေကြောင့်လည်း ပရိသတ်တွေအားလုံးက ချစ်မဝဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ သင်ဇာဟာ သူမရဲ့ အနားမှာရှိသူတိုင်းကို ပျော်ရွှင်အောင် အမြဲထားတဲ့ စိတ်သဘောထားဖြူစင်တဲ့ မင်းသမီးလေး တစ်လက်လည်း ဖြစ်ပါတယ်။ 

Photo Crd- Thinzar Wint Kyaw’s Facebook Account
Photo Crd- Thinzar Wint Kyaw’s Facebook Account
Photo Crd- Thinzar Wint Kyaw’s Facebook Account

ဒီလိုပုံစံလေးကြောင့်လည်း အနုပညာလောကမှာ ဆယ်စုနှစ်ကျော်တိုင်အောင် အောင်မြင်မှုတွေ ကျဆုံးမသွားဘဲ ပရိသတ်တွေရဲ့ အားပေးမှုတွေ ဆထက်တပိုး တစ်ခဲနက် ရရှိထားတာလည်း ဖြစ်ပါတယ်။ 

လတ်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားတွေ မရိုက်ကူးရသေးတာကြောင့် ကြော်ငြာတွေတော့ လက်မလည်အောင် ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ မနေ့ညကလည်း သူမရဲ့ Facebook Story မှာ ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Thinzar Wint Kyaw’s Facebook Account
Photo Crd- Thinzar Wint Kyaw’s Facebook Account
Photo Crd- Thinzar Wint Kyaw’s Facebook Account

ဒါကတော့ အဆိုတော် စစ်သွေးရဲ့ပုခုံးလေးကိုမှီပြီး မာမီစစ်ဆိုပြီးစနောက်ကျီစယ်လိုက်တဲ့ သင်ဇာဝင့်ကျော်ရဲ့ Video လေးပဲ ဖြစ်ပါတယ်။     ဒါ့အပြင် သူမရဲ့ ကောက်ကြောင်းအလှတွေကို အမိုက်စားမြင်တွေ့ရမယ့် ဗီဒီယိုလေးတွေလည်း ထင်ထားတာပဲ ဖြစ်ပါတယ်။     ပရိသတ်တွေအတွက် သင်ဇာဝင့်ကျော်ရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Thinzar Wint Kyaw’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။