သရုပ်ဆောင်မင်းသမီးချောလေး ဆုပန်ထွာကတော့ ချစ်ရတဲ့ခင်ပွန်း၊သားလေးတို့နဲ့အတူ တည်ငြိမ်အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ ဘဝလေးကို တည်ဆောက်နိုင်ခဲ့တဲ့ ဆုပန်ထွာက အနုပညာအလုပ်တွေကိုလည်း ဆက်လက်လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ အခုဆိုရင် ဆုပန်ထွာသာမက သူမရဲ့ခင်ပွန်းဖြစ်သူကလည်း သရုပ်ဆောင်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ် ။

Photo Credit-Okkar Kyaw's FB Acc
Photo Credit-Okkar Kyaw's FB Acc
Photo Credit-Okkar Kyaw's FB Acc

ဗိုလ်ချုပ်အောင်ဆန်းရဲ့အကြောင်းကို ပုံဖော်ရိုက်ကူးနေတဲ့ အောင်ဆန်းရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ဆုပန်ထွာရဲ့ခင်ပွန်းက ဂဠုန်ဦးစောနေရာကနေ ပါဝင်သရုပ်ဆောင်ရမှာ ဖြစ်ပါတယ် ။ ဆုပန်ထွာရဲ့ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်က ဂဠုန်ဦးစောနဲ့ ရုပ်ချင်းဆင်တူနေတာကြောင့် ပရိသတ်တွေကပါ အံ့အားသင့်ခဲ့ရတာ ဖြစ်ပါတယ် ။ နောက်ဆုံးမှာတော့ ဂဠုန်ဦးစောဇာတ်ရုပ်အတွက် ကိုဥက္ကာကျော်ကို အောင်ဆန်းရုပ်ရှင်မှ တာဝန်ရှိသူတွေက ပထမအဆင့်အဖြစ် ရွေးချယ်ပေးလိုက်ပြီပဲ ဖြစ်ပါတယ် ။

Photo Credit-Okkar Kyaw's FB Acc & "အောင်ဆန်းရုပ်ရှင်" FB Page
Photo Credit-Okkar Kyaw's FB Acc
Photo Credit-Okkar Kyaw's FB Acc
Photo Credit-Okkar Kyaw's FB Acc

မနေ့ညကတော့ ကိုဥက္ကာကျော်အတွက် ဂုဏ်ပြုပေးတဲ့ပွဲလေးမှာ ဆုပန်ထွာတို့ဇနီးမောင်နှံ နှစ်ယောက်လုံး ဝမ်းသာပျော်ရွှင်နေကြတာ ဖြစ်ပါတယ် ။ ကိုဥက္ကာကျော်က "ဦးစောအတွက် ဒဘလယ်ပရိုဒက်ရှင်းမှ ညစာတည်ခင်းကျွေးမွေး ကျေးဇူးပါ ဘိုးဘိုးကြီးနှင့် တပ်ချုပ်ကြီး "ဆိုပြီး သူတို့ရဲ့အပျော်လေးတွေကို မျှဝေထားတာ ဖြစ်ပါတယ် ။ ဦးစောအတွက် ဂုဏ်ပြုပွဲလေးမှာ ပျော်ရွှင်နေတဲ့ ဆုပန်ထွာတို့ဇနီးမောင်နှံရဲ့ပုံရိပ်လေးတွေနဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Okkar Kyaw's FB Acc

Photo Credit-Okkar Kyaw's FB Acc
Photo Credit-Okkar Kyaw's FB Acc
Photo Credit-Okkar Kyaw's FB Acc
Photo Credit-Okkar Kyaw's FB Acc
Photo Credit-Okkar Kyaw's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။