အစ္စလာမ်မစ်အစွန်းရောက်လို့ သံသယရှိတဲ့ လူတွေကို ဥရောပမှာ ဖမ်းဆီးရမိတာဟာ ပြီးခဲ့တဲ့(၃)နှစ်အတွင်း ဖမ်းဆီးခဲ့တဲ့ အရေအတွက်ထက် (၂)ဆနီးပါး များပြားလာတယ်လို့ ဥရောပရဲတပ်ဖွဲ့EUROPOL ရဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားကြောင်း BBC Newsကဖော်ပြလိုက်ပါတယ်။ 

ပြီးခဲ့တဲ့နှစ်က ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကနေ ဂျီဟတ်ဝါဒီအကြမ်းဖက်သမား (၇၀၀)ကျော်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ဥရောပသမဂ္ဂတွင်း အကြမ်းဖက်ဝါဒ အခြေအနေနဲ့ ရှေ့အလားအလာအစီရင်ခံစာအရ (၂၀၁၅)ခုနှစ်မှာ အကြမ်းဖက်သမား(၆၀၀)ကျော်ကို ဖမ်းဆီးနိုင်ခဲ့ပြီး (၂၀၁၄)ခုနှစ်က (၄၀၀)နီးပါးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ 

ပြီးခဲ့တဲ့ နှစ်အတွင်းဖမ်းဆီးခဲ့သူ (၃) ပုံ (၁)ပုံလောက်ဟာ အသက် (၂၅) နှစ်အောက်တွေဖြစ်ကြပြီး (၄ )ဦးမှာ (၁)ဦးက အမျိုးသမီးတွေဖြစ်သလို EU နိုင်ငံတွေအတွက် အဓိကခြိမ်းခြောက်မှုကတော့ ဆီးရီးယားနဲ့ အီရတ်စစ်ပွဲတွေမှာ တိုက်ခိုက်ပြီး ဥရောပကိုပြန်လာကြသူ ဂျီဟတ်ဝါဒီတွေ ဖြစ်ကြောင်းသတင်းမှာဖော်ပြထားပါတယ်။

Aung

သတင်းအရင်းမြစ် BC News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။