မင်းသမီးချောလေးမိုးယုစံကတော့ အနုပညာလောကမှာနေရာတစ်ခုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီ တစ်ချိန်က အောင်မြင်ခဲ့တဲ့ ထိပ်တန်းအနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ရုပ်ရှင်ဇာတ်ကားကြီးတွေအပြင် ဗီဒီယိုဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့တဲ့ သူမကတော့ ကျရာနေရာမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ မင်သမီးချောလေးတစ်လက်ဖြစ်ပြီး ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

photo credit : Kaung Theinkha Moe Thu 's facebook acc
photo credit : Kaung Theinkha Moe Thu 's facebook acc

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့ပြီး ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ရရှိပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ သူမကတော့ အလှမပျက်သေးဘဲ အရွယ်တင်နုပျိုလှပနေတဲ့ မင်းသမီးချောလေးတစ်လက်ပဲ ဖြစ်ပါတယ်။ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်ခဲ့တဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး သူမကတော့ သားလေးကိုအပြည့်အဝအချိန်ပေးကာ ဂရုစိုက်လျက်ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။

photo credit : Kaung Theinkha Moe Thu 's facebook acc
photo credit : Kaung Theinkha Moe Thu 's facebook acc
photo credit : Kaung Theinkha Moe Thu 's facebook acc

သူမကတော့ ယခုမှာ သားသားလေးနဲ့အတူ အကျီဆင်တူလေးဝတ်ဆင်ပြီး ပျော်ရွှင်ခဲ့ရတဲ့ မမေ့နိုင်စရာအမှတ်တရလေးကိုကြည့်ပြီး သားလေးကို ချစ်မဝနိုင်ဖြစ်နေခဲ့ပါတယ် ။သူမကတော့ " သားသား ၁နှစ်ကျော်ကပုံလေးပါ ခုတော့ အတတ်လေးဖြစ်နေပါပီ " ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးမိုးယုစံတို့ သားအမိလေးရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source: Kaung Theinkha Moe Thu 's facebook acc

photo credit : Kaung Theinkha Moe Thu 's facebook acc
photo credit : Kaung Theinkha Moe Thu 's facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။