ပရိသတ်ကြီးရေ စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ အလှူအတန်းဆိုလည်း ရက်ရက်ရောရောနဲ့ လှူဒါန်းကြတာဖြစ်ပါတယ်။စမိုင်းလ်ရဲ့စိတ်ထားဖြူစင်ပုံလေးတွေ၊သဒ္ဒါတရားထက်သန်ပုံလေးတွေကို ပရိသတ်တွေက ချစ်နေရတာဖြစ်ပြီး သူမရဲ့အလှူအတွက် အမြဲတမ်းသာဓုခေါ်နေကြတာဖြစ်ပါတယ်။လတ်တလောမှာဆိုရင်လည်း စမိုင်းလ်တို့ ဇနီးမောင်နှံနှစ်ယောက်လုံးက သာသနာ့ဘောင်သို့ ဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။

Photo Credit:စမိုင်းလ် Smile's Facebook Page/Amazing Grace
Photo Credit:စမိုင်းလ် Smile's Facebook Page/Amazing Grace
Photo Credit:စမိုင်းလ် Smile's Facebook Page/Amazing Grace

စမိုင်းလ်တို့ ဇနီးမောင်နှံနှစ်ယောက်က ဘယ်အရာမဆို စိတ်တူကိုယ်တူရှိကြပြီး တစ်ယောက်လိုအပ်တာကိုလည်း တစ်ယောက်က ဖြည့်ဆည်းပေးကြတာဖြစ်ပါတယ်။စမိုင်းလ်ရဲ့ချစ်ခင်ပွန်းဆိုရင် ချစ်ဇနီးချောလေးကို အမြဲစိတ်ချမ်းသာအောင်ထားပေးတဲ့ လက်တွဲဖော်ကောင်းတစ်ယောက်ဖြစ်သလို သမီးတွေအတွက်လည်း အားကိုးအားထားပြုလို့ရတဲ့ ဖခင်ကောင်းတစ်ယောက်ပါနော်။ပရိသတ်တွေကတော့ စမိုင်းလ်တို့ဇနီးမောင်နှံကို ကြည့်ပြီး အားကျနေကြတာဖြစ်ပါတယ်။

Photo Credit:စမိုင်းလ် Smile's Facebook Page/Amazing Grace
Photo Credit:စမိုင်းလ် Smile's Facebook Page/Amazing Grace
Photo Credit:စမိုင်းလ် Smile's Facebook Page/Amazing Grace
Photo Credit:စမိုင်းလ် Smile's Facebook Page/Amazing Grace

စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ယောက်လုံးက သမီးတွေရဲ့ရှေ့ဆောင်လမ်းပြဖြစ်အောင် နေထိုင်ကြပြီး ပေါ်ရှာနဲ့ကလိုဝီလေးတို့ ညီအစ်မနှစ်ယောက်ကလည်း မိဘနှစ်ပါးကို လေးစားချစ်ခင်ကြပါတယ်။အခုဆိုရင်လည်း သာသနာ့ဘောင်သို့ဝင်ရောက်ခဲ့တဲ့ ဖေဖေနဲ့မေမေကို ကြည့်ပြီး ကြည်နူးပီတိဖြစ်နေရတာဖြစ်ပါတယ်။အေးအေးချမ်းချမ်းလေးနဲ့ ပျော်စရာကောင်းတဲ့ စမိုင်းလ်တို့မိသားစုရဲ့ ကုသိုလ်ယူတဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:စမိုင်းလ် Smile's Facebook Page/Amazing Grace
Photo Credit:စမိုင်းလ် Smile's Facebook Page/Amazing Grace
Photo Credit:စမိုင်းလ် Smile's Facebook Page/Amazing Grace

Source&Photo Credit:စမိုင်းလ် Smile's Facebook Page/Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။