ပရိသတ်ကြီးရေ.....ချစ်စရာကောင်းတဲ့ပုံစံလေးတွေကြောင့် ပရိတ်သတ်အများစုရဲ့အားပေးချစ်ခင်မှုရရှိထားတဲ့ အနုပညာရှင်ဆယ်လီစုံတွဲတွေရဲ့ ကလေးတွေထဲမှာဆိုရင် စန္ဒီမြင့်လွင်ရဲ့သမီးချောလေး Treasureလေးလည်းအပါအဝင်ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ဟာ rapperတစ်ယောက်အနေနဲ့လည်း အောင်မြင်နေတဲ့အဆိုတော်တစ်ဦးဖြစ်ပြီး ဂီတလောကမှာအချိန်အတော်ကြာရပ်တည်အောင်မြင်နေနိုင်တဲ့သူတစ်ဦးဆိုလည်းမမှားပါဘူးနော်။ ဒီးဒီးဟာ အခုလက်ရှိမှာဆိုရင်လည်း သာယာချမ်းမြေ့ဖွယ်အိမ်ထောင်တစ်ခုကိုတည်ထောင်ထားတာလည်းဖြစ်ပြီး ချစ်စရာကောင်းတဲ့သမီးလေး Treasureလေးကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Photo Credit-Khin Lin Htin - Treasure
Photo Credit-Khin Lin Htin - Treasure

Treasureလေးဟာလည်း မေမေဒီးဒီးနဲ့ရုပ်ချင်းအရမ်းတူပြီး ပါးဖောင်းဖောင်းလေးနဲ့ချစ်မွှေးအရမ်းပါတဲ့ ကလေးလေးပါနော်။ ဒါ့ပြင် Treasureလေးဟာ အရွယ်နဲ့မလိုက်အောင်လည်းပို့စ်လေးတွေပေးတတ်နေပြီး နှုတ်ခမ်းလေးထော်ကာအသည်းယားစရာကောင်းတာကြောင့် အကုန်လုံးရဲ့အသည်းကျော်လေးဖြစ်နေရတာပါ။ ဒီးဒီးတစ်ယောက်ကလည်း သူမရဲ့အားလပ်ချိန်အတော်များများကို သမီးလေးကိုထိန်းရင်း ဆော့ကစားရင်းနဲ့အချိန်ကုန်နေတာဖြစ်ပါတယ်။

Photo Credit-Khin Lin Htin - Treasure
Photo Credit-Khin Lin Htin - Treasure

မကြာသေးမီကလည်း ဒီးဒီးဟာသူမရဲ့ Facebookစာမျက်နှာတွင် ''ထရက်ရှာဒီမေမေနဲ့ မလွယ်ပါဘူး ဘာတွေလျှောက်လုပ်မှန်းမသိဘူးနော် သမီးကိုမေမေ့အရုပ်မှတ်နေလားမေမေ မဟုတ်ပါဘူးသမီးလေးရယ်သမီးပလိတ်သတ်တွေကသမီးပုံလေးတွေကြည့်ချင်တယ်ဆိုလို့ပါအခွင့်ရတုန်းရိုက်ထားရတာ ကြီးလာလို့မေမေသမီးပုံတွေမတင်ရဘူးဆိုတဲ့အရွယ်မရောက်ခင်များကြီးတင်ထားတာဟိဟိ'' ဆိုတဲ့စာသားလေးနဲ့အတူ သမီးလေးကိုကလစ်လေးတွေညှပ်ကာ အလှတွေပြင်ပေးထားတဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ....ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 

Photo Credit-Khin Lin Htin - Treasure
Photo Credit-Khin Lin Htin - Treasure

Source-Khin Lin Htin - Treasure

Photo Credit-Khin Lin Htin - Treasure 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။