မင်းသမီးချောလေး မိုးဟေကိုတော့ နာမည်တစ်လုံးနဲ့ အောင်မြင်ကျော်ကြားနေသူလေးဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားတာ ဖြစ်ပါတယ်။ တည်ငြိမ်ရင့်ကျက်တဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မိုးဟေကိုက ကြည်လင်ဝင်းပတဲ့အသားအရေလေးနဲ့ မျက်နှာလေးကလည်း နုဖတ်လှပနေတာ ဖြစ်ပါတယ်။ အသက်တစ်နှစ်ကြီးလေ ပိုလှလာလေဖြစ်တဲ့ မိုးကတော့ ပရိသတ်တွေရဲ့နှလုံးသားကို ဖမ်းစားထားနိုင်တာ ဖြစ်ပါတယ်။

Photo Credit-Moe Hay Ko's FB Page
Photo Credit-Moe Hay Ko's FB Page
Photo Credit-Moe Hay Ko's FB Page

လတ်တလောမှာတော့ မိုးက အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေသလို ချစ်ရတဲ့ဖေဖေ၊မေမေတို့နဲ့အတူ ပျော်ရွှင်စရာအချိန်လေးတွေကို အတူကုန်ဆုံးနေတာလည်း ဖြစ်ပါတယ်။ မိုးက သူမရဲ့လှုပ်ရှားမှုတွေအားလုံးကိုလည်း လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ပရိသတ်တွေအတွက် ပုံမှန်မျှဝေပေးနေတာ ဖြစ်ပါတယ်။ အခုလည်း မိုးက ကလေးတစ်ယောက်လို ပျော်ရွှင်နေတဲ့ သူမရဲ့ဗီဒီယိုဖိုင်လေးကို တင်ပေးထားတာ ဖြစ်ပါတယ်။

Photo Credit-Moe Hay Ko's FB Page
Photo Credit-Moe Hay Ko's FB Page
Photo Credit-Moe Hay Ko's FB Page

မိုးက စိမ်းစိုလှပတဲ့နေရာလေးမှာ ပျော်ပျော်ရွှင်ရွှင် ဒါန်းစီးနေရင်း ကလေးလေးတစ်ယောက်လို အော်ဟစ်ပျော်ရွှင်နေတာ ဖြစ်ပါတယ်။ ဟန်ဆောင်မှုကင်းပြီး လွတ်လပ်ပေါ့ပါးတဲ့စတိုင်လေးနဲ့ အရမ်းလှနေတဲ့ မိုးကတော့ အရမ်းကိုချစ်ဖို့ကောင်းနေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မိုးဟေကိုရဲ့ချစ်စရာကောင်းတဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Moe Hay Ko's FB Page Story 

Photo Credit-Moe Hay Ko's FB Page
Photo Credit-Moe Hay Ko's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။