အဆိုတော်ဘီလီလမင်းအေးကတော့ MYANMAR IDOLသီချင်းဆိုပြိုင်ပွဲကြီးကနေ စတင်ထွက်ပေါ်လာခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရယူထားနိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သူမကတော့ ယခုမှာ သီချင်းအသစ်လေးတွေကို ပရိသတ်တွေရဲ့ ရှေ့ကိုချပြထားသူလေးဖြစ်ပြီး နောက်ထပ်သီချင်းအသစ်လေးတွေလည်း ထွက်ရှိဖို့ ကြိုးစားလျက်ရှိနေတာပဲ ဖြစ်ပါတယ်။

photo credit: Billy La Min Aye 's facebook acc
photo credit: Billy La Min Aye 's facebook acc

မြန်မာဆန်ဆန်ဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိပြီး အနအထိုင်အေးဆေးတဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ချစ်စရာပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်ကို တင်ပေးလေ့ရှိသူလေးပဲ ဖြစ်ပါတယ်။ ဘီလီလမင်းအေးကတော့ ယခုမှာ အထူးဧည့်သည်တော်အဖြစ်ဖိတ်ကြားခြင်းခံရပြီး အရမ်းလေးစားရတဲ့ ကိုရီးယားသံအမတ်ကြီးနဲ့အတူ နေ့လည်စာစားခွင့်ရလို့ ပျော်ရွှင်နေခဲ့ပါတယ်။

photo credit: Billy La Min Aye 's facebook acc
photo credit: Billy La Min Aye 's facebook acc

အဆိုတော်ဘီလီလမင်းအေးကတော့ " Thank you so much for inviting me as a special guest ....Very Honorable Lunch with Korean Ambassador. " ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်ဘီလီလမင်းအေးရဲ့ အရမ်းလေးစားရတဲ့ ကိုရီးယားသံအမတ်ကြီးနဲ့အတူ နေ့လည်စာစားခွင့်ရလို့ ဝမ်းသာပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

source: Billy La Min Aye 's facebook acc

photo credit: Billy La Min Aye 's facebook acc
photo credit: Billy La Min Aye 's facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။