ပရိသတ်ကြီးရေ မင်းသမီးချောလေး ဆုပန်ထွာ ကတော့ အနုပညာလောကမှာ ပြည်သူတွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ မင်းသမီး ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆုပန်ထွာ ဟာ အနုပညာ အလုပ်တွေကို အရင်ကထပ် မလုပ်တော့မယ့်လည်း ပရိသတ်တွေနဲ့ ဝေးကွားမသွားအောင် ဖြည်းဖြည်းမှန်မှန် နဲ့သာလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆုပန်ထွာ က သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားရပြီး ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်နဲ့ ပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ရရှိထားတာဖြစ်ပါတယ်။

Photo Credit -Roar Roar
Photo Credit -Roar Roar

ဆုပန်ထွာ ကတော့ ဘာသာတရားကိုလည်း အထူးကိုင်းရှိုင်းသူတစ်ယောက်ဖြစ်သလို အလှူတန်းတွေကို တက်နိုင်သလောက် ပါဝင်လှူဒါန်းပေးတာတွေကိုလည်း တွေ့ရပါတယ်နော်..။ ဒါ့အပြင် ဆုပန်ထွာ ဟာ ကလေးတစ်ယောက်အမေ ဖြစ်ပေမယ့်လည်း ယနေ့ အချိန်ထိ ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကတော့ ဆယ်ကျော်သက်တွေကတောင် အရှုံးပေးရလောက်အောင် နုပျိုနေဆဲပါနော်..။ ယခုမှာဆိုရင်လည်း ဆုပန်ထွာ က သားလေး Roar Roar လေးနဲ့တူ ရိုက်တဲ့ ချစ်စရာ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပြန်ပြီလည်းဖြစ်ပါတယ်။

Photo Credit -Roar Roar
Photo Credit -Roar Roar

ဒီပုံလေးတွေထဲမှာတော့ အမိုက်စားဖက်ရှင်လေးတွေနဲ့ စမက်ကျကျ မြင်သူတိုင်း ချစ်အားပိုအောင် ဖမ်းစားထားတဲ့ သားအမိနှစ်ယောက် ရဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် သားလေး Roar Roar ကလည်း မေမေ နဲ့အပြိုင် မတူတဲ့ အိုက်တင်လေးတွေနဲ့ ပို့စ်ပေးနေတာလေးကလည်း အသည်းယားစရာ ကောင်းလောက်ပါတယ်နော်..။ ကဲ..ချစ်ပရိသတ်ကြီးရေ လိုက်ဖက်တဲ့ အမိုက်စား ဖက်ရှင်လေးတွေဝတ်ဖြင့် ချစ်စရာကောင်းနေတဲ့ ဆုပန်ထွာ တို့ ရဲ့ သားအမိနှစ်ယောက် ရဲ့ ပုံရိပ်လေးတွကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit -Roar Roar
Photo Credit -Roar Roar

Photo Credit -Roar Roar

Source -Roar Roar's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။