အနုပညာလောကမှ အနားယူကာ သမီးလေးသုံးယောက်ကို ပြုစုပျိုးထောင်နေသူကတော့ သရုပ်ဆောင် မင်းသမီး နန္ဒာလှိုင်ပဲ ဖြစ်ပါတယ်။ နန္ဒာဟာ တစ်ခေတ်တစ်ခါက ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးရေပန်းစားခဲ့တဲ့ ပြည်သူချစ် မင်းသမီးလေး တစ်လက်လည်း ဖြစ်ပါတယ်။ သူမဟာ ချစ်ရတဲ့ ခင်ပွန်း ၊ သမီးလေး သုံးယောက်နဲ့အတူ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd - Nandar Hlaing's Facebook Account
Photo Crd - Nandar Hlaing's Facebook Account
Photo Crd - Nandar Hlaing's Facebook Account

မကြာသေးခင်ကလည်း သမီးလေးတွေနဲ့အတူ ဘားအံမှာ ရှိတဲ့ မိသားစုပိုင် ဟိုတယ်မှာ အနားယူအပန်းဖြေထားတာပဲ ဖြစ်ပါတယ်။ သမီးလေးသုံးယောက်ဟာလည်း ကျောင်းပိတ်ထားတာကြောင့် နန္ဒာတစ်ယောက် သမီးလေးတွေ စားချင်တဲ့ မုန့်လေးတွေကို အမြဲလုပ်ကျွေးရင်း ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေကို ဖန်တီးနေတာလည်း ဖြစ်ပါတယ်။ သမီးလေးတွေဟာလည်း အနုပညာပိုးတွေပါရှိကြပြီး အမြဲလိုလို Tik Tok အကောင့်လေးမှာ ဗီဒီယိုလေးတွေ အမြဲတင်ဆက်နေတာလည်း ဖြစ်ပါတယ်။  

Photo Crd - Nandar Hlaing's Facebook Account
Photo Crd - Nandar Hlaing's Facebook Account
Photo Crd - Nandar Hlaing's Facebook And Tik Tok Account
Photo Crd - Nandar Hlaing's Facebook And Tik Tok Account

အခုမှာလည်း နန္ဒာလှိုင်ရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေး တစ်ခုတင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ မမရဲ့ဘေးမှာဝင်ထိုင်ကာ အပီအပြင်ကွေးနေအောင်ဒွန့်နေတဲ့ နန္ဒာလှိုင်ရဲ့ သမီးငယ်လေး မဒီရဲ့ Tik Tok Video လေးပဲ ဖြစ်ပါတယ်။ မဒီလေးဟာ အကကရတာကို ဝါသနာပါသူတစ်ယောက်ဖြစ်ပြီး သူမရဲ့ အကကနေတဲ့ ပုံစံလေးဟာလည်း ကြည့်ရှုသူတိုင်းကို ပိုပိုပြီး ချစ်မဝဖြစ်စေမှာဘဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် မဒီလေးရဲ့ ချစ်စရာကောင်းတဲ့ Tik Tok Video လေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Nandar Hlaing's Facebook And Tik Tok Account  

@hlaingzayfamily

♬ Be Happy - Dixie D’Amelio

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။