မင်းသမီးချောလေး မအေးသောင်းကတော့ VCD ခေတ်ကတည်းက သီချင်းဗီဒီယိုတွေမှာ ပါဝင်ရိုက်ကူးပြီး အောင်မြင်မှုများစွာ ရရှိခဲ့တာ ဖြစ်ပါတယ်။ သရုပ်ဆောင်တော်လွန်းတဲ့ မအေးသောင်းက ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေ မနားတမ်းရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ နာမည်နဲ့အောင်မြင်မှုကို ယနေ့အချိန်အထိ ထိန်းသိမ်းထားနိုင်တဲ့ မအေးသောင်းက အသက်(၃၀)ကျော်တာတောင် ငယ်ရွယ်နုပျိုနေဆဲ ဖြစ်ပါတယ်။

Photo Credit-Aye Thaung's FB Acc
Photo Credit-Aye Thaung's FB Acc
Photo Credit-Aye Thaung's FB Acc

မအေးသောင်းက ကျစ်လစ်လှပတဲ့ခန္ဓာကိုယ်လေးနဲ့ စွဲမက်ဖွယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတာကြောင့် ပုရိသတွေက သည်းသည်းလှုပ်ဝန်းရံနေရတာလည်း ဖြစ်ပါတယ်။ မြန်မာဝတ်စုံလေးတွေနဲ့ဆိုရင် အရမ်းကိုလိုက်ဖက်လှပလွန်းတဲ့ မအေးသောင်းက မဟာဆန်တဲ့အလှပိုင်ရှင်လေးပဲ ဖြစ်ပါတယ်။ အခုလည်း မအေးသောင်းတစ်ယောက် သိန်းပေါင်းများစွာတန်တဲ့ ရွှေခြုံပုဝါနဲ့ အဖိုးတန်လက်ဝတ်ရတနာတွေကို ဝတ်ဆင်ပြီး ခမ်းနားထည်ဝါစွာလှနေတာ ဖြစ်ပါတယ်။

Photo Credit-Aye Thaung's FB Acc
Photo Credit-Aye Thaung's FB Acc
Photo Credit-Aye Thaung's FB Acc

မနေ့ကတော့ မအေးသောင်းက ဇွဲထက်ရတနာရွှေဆိုင်အတွက် ကြော်ငြာလေးတစ်ခု ရိုက်ကူးပေးခဲ့တာပဲ ဖြစ်ပါတယ်။ ရိုက်ကွင်းမှာတော့ မအေးသောင်းတစ်ယောက် ပျော်ပျော်ပါးပါးရိုက်ကူးရေးလုပ်ရင်း အခွီပုံစံကကွက်လေးတွေနဲ့ အပီအပြင်ကနေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မအေးသောင်းရဲ့ချစ်စရာကောင်းတဲ့ ရိုက်ကွင်းဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Aye Wutyi Thaung's FB Page

Photo Credit-Aye Thaung's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။