ထိပ်တန်းမင်းသမီးလေးတစ်လက်အဖြစ် ယနေ့ချိန်ထိ ရပ်တည်နေသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ပဲ ဖြစ်ပါတယ်။ အူဝဲဟာ ချစ်စရာကောင်းတဲ့ သားနဲ့သမီးလေးကို လိမ္မာရေးခြားရှိအောင်လည်း အမြဲဆုံးမ သွန်သင်ပေးနေတဲ့ မိခင်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ အူဝဲဟာ လတ်တလောအနုပညာလှုပ်ရှားမှုတွေ နည်းပါးချိန်လေးမှာ သားနဲ့ သမီးကို အချိန်ပြည့်ပေးကာ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ အချိန်လေးတွေ ပိုင်ဆိုင်နေတာပဲ ဖြစ်ပါတယ်။  

Photo Crd - Eaindra Kyaw Zin's Facebook Page
Photo Crd - Eaindra Kyaw Zin's Facebook Page
Photo Crd - Eaindra Kyaw Zin's Facebook Page

မကြာသေးခင်ကလည်း မိသားစုတွေ ပျော်ပျော်ပါးပါး အေးချမ်းလှတဲ့ ပြင်ဦးလွင် မြို့လေးကို သွားရောက်လည် ပတ်ခဲ့တာပဲ ဖြစ်ပါတယ်။ မိသားစုတွေ ပျော်ပျော်ပါးပါး လည်ပတ်ခဲ့ကြတာကိုလည်း Vlog Video လေး ရိုက်ကူးကာ ပရိသတ်တွေကို ပြန်လည် ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ သုသုနဲ့ ဖိုးဓီလေးဟာလည်း ကျောင်းတွေ ပိတ်ထားတာကြောင့် မမမေတိုးခိုင် အားလပ်ချိန်တိုင်း မမနဲ့အတူ ပျော်ပျော်ပါးပါး ဆော့ကစားလေ့ ရှိတာလည်း ဖြစ်ပါတယ်။ 

Photo Crd - Eaindra Kyaw Zin's Facebook Page and Hteinhtein Thar's Tik Tok Account
Photo Crd - Eaindra Kyaw Zin's Facebook Page and Hteinhtein Thar's Tik Tok Account
Photo Crd - Eaindra Kyaw Zin's Facebook Page and Hteinhtein Thar's Tik Tok Account

အခုမှာလည်း မေတိုးခိုင်ရဲ့ ညီမဖြစ်သူ ထိန်ထိန်သာရဲ့ Tik Tok အကောင့်လေးမှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သီချင်းတီးလုံးလေးအတိုင်း စည်းချက်ကျကျနဲ့ ဟန်ချက်ညီညီ လိုက်ကနေကြတဲ့ သုသုနဲ့ ဖိုးဓီလေးတို့ရဲ့ Tik Tok Video လေးပဲ ဖြစ်ပါတယ်။ ဖိုးဓီလေးကလည်း မမတွေကတဲ့ ပုံစံအတိုင်း ရအောင် လိုက်ကနေတာဟာလည်း ချစ်စရာကောင်းလွန်းနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သုသုနဲ့ ဖိုးဓီလေးတို့ရဲ့ Tik Tok Video လေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Eaindra Kyaw Zin's Facebook Page and Hteinhtein Thar's Tik Tok Account 

@hteinhteinthar

Siblings check one missing thoughhh. ##fyp

♬ Savage Love (Laxed - Siren Beat) - Jawsh 685 & Jason Derulo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။