ပရိသတ်ကြီးရေ အဆိုတော်ထူးအယ်လင်းကတော့ သားချောလေးနှစ်ယောက်ကိုပိုင်ဆိုင်ထားတဲ့ ဖခင်ဖြစ်ပြီး ကလေးလေးတွေကလည်း ချစ်မွှေးလေးတွေပါကြပါတယ်နော်။ထူးအယ်လင်းက အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်လျက်ရှိပြီး သီချင်းအသစ်တွေအတွက်လည်း ပြင်ဆင်နေတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ ထူးအယ်လင်းရဲ့ သီချင်းဟောင်းတွေကိုလည်း ကြိုက်ကြသလို သီချင်းသစ်တွေကိုလည်း မျှော်လင့်နေကြတာပါနော်။

Photo Credit:Htoo El Lynn's Facebook Account
Photo Credit:Htoo El Lynn's Facebook Account

ထူးအယ်လင်းက သားသမီးတွေအတွက် ဖခင်ကောင်းတစ်ယောက်ပီသပြီး အားတဲ့အချိန်တိုင်းမှာလည်း ကလေးတွေနဲ့အတူတူကစားပေးပါတယ်နော်။လတ်တလောမှာဆိုရင်တော့ ထူးအယ်လင်းတို့ မိသားစုက ခရီးထွက်သွားပြီး အေးအေးချမ်းချမ်းနဲ့ အပန်းဖြေနေကြတာဖြစ်ပါတယ်။သားလေးနှစ်ယောက်ကလည်း ဖေဖေ၊မေမေတို့နဲ့အတူ ခရီးထွက်လာရလို့ အရမ်းပျော်ရွှင်နေပြီး နေရာအနှံ့မှာ ဆော့ကစားနေကြတာဖြစ်ပါတယ်။

Photo Credit:Htoo El Lynn's Facebook Account
Photo Credit:Htoo El Lynn's Facebook Account
Photo Credit:Htoo El Lynn's Facebook Account

အခုဆိုရင်လည်း ကြည်လင်နေတဲ့ စမ်းချောင်းလေးမှာ ပျော်ပျော်ပါးပါး ကစားနေတာဖြစ်ပါတယ်။ထူးအယ်လင်းကလည်း ရေကူးကန်ထဲမှာ ရေငုပ်နေပြီး စိတ်လက်ပေါ့ပါးစွာနဲ့ အပန်းဖြေနေတာဖြစ်ပါတယ်။ထူးအယ်လင်းတို့ သားအဖတွေကတော့ ပျော်ပျော်ပါးပါးနဲ့ အပန်းဖြေကြရင်း စိတ်ချမ်းသာစရာအချိန်လေးတွေကို ဖြတ်သန်းနေကြတဲ့ ဗီဒီယိုဖိုင်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Htoo El Lynn's Facebook Account
Photo Credit:Htoo El Lynn's Facebook Account

Source&Photo Credit:Htoo El Lynn's Facebook Account

Video Credit:Htoo El Lynn's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။