အချစ်သီချင်းကောင်းကောင်းလေးတွေနဲ့ ပရိသတ်ရင်ကိုလှုပ်ခတ်စေနိုင်တဲ့ အဆိုတော်မလေးတစ်ဦး ဖြစ်ပါတယ်။ သီချင်းစာသားအလန်းလေးတွေကို ကိုယ်တိုင်ရေးစပ်သီဆိုလေ့ရှိတဲ့ ပိုပိုက ယနေ့အချိန်အထိ သီချင်းတွေအများကြီး ထွက်ရှိခဲ့ပြီးပြီ ဖြစ်ပါတယ်။ အခုချိန်မှာဆိုရင် ပိုပိုက မြန်မာနိုင်ငံအနှံ့ ပွဲတော်တော်များများမှာ လိုက်လံသီဆိုဖျော်ဖြေနေရတာ ဖြစ်ပါတယ်။

Photo Credit : Po Po Facebook Account
Photo Credit : Po Po Facebook Account

မိန်းကလေးတွေရဲ့ ချစ်ခင်အားပေးမှုသာမက ယောကျာ်းလေးတွေရဲ့ ချစ်ခင်အားပေးမှုကိုပါရရှိနေတဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တစ်ခြား ပိုပိုလှလာတဲ့ ဖက်ရှင်အလန်းတွေနဲ့ သူမကို ပုရိသကိုကိုတွေကလည်း ချစ်ခင်အားပေးကြတာဖြစ်ပါတယ်။

Photo Credit : Po Po Facebook Account
Photo Credit : Po Po Facebook Account

လတ်တလောမှာတော့ အွန်လိုင်းမှာနာမည်ကြီးနေတဲ့ သီချင်းလေးကို သူငယ်ချင်းတွေနဲ့ အမိုက်စား ဒွန့်ပြထားတဲ့ ဗီဒီယိုလေးကို သူရဲ့ အကောင့်မှာ ဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးကြည့်ပြီး ကြည်နူး ပြုံးပျော်မိတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။ပိုပိုရဲ့ရှေ့ဆက်မယ့် အနုပညာအလုပ်တွေမှာလည်း ဒီထက်မက အောင်မြင်မှုရရှိပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Po Po Facebook Account
Photo Credit : Po Po Facebook Account

Source & Photo Credit : Po Po Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။