ပရိတ်သတ်ကြီးရေ.....အားကျချင်စရာကောင်းပြီး သာယာချမ်းမြေ့ဖွယ်အိမ်ထောင်တစ်ခုကိုတည်ထောင်ထားကြတဲ့ အနုပညာရှင်စုံတွဲတွေထဲမှာ အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့စုံတွဲလည်း အပါအဝင်ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ music videoလေးကနေတစ်ဆင့် ရိုမန်တစ်ဆန်ဆန်အချစ်ဇာတ်လမ်းလေးနဲ့ ပျော်ရွှင်စရာအိမ်ထောင်တစ်ခုကို တည်ထောင်ခဲ့ကြတာပါ။

Photo Credit-Our Travel Diaries's Facebook page
Photo Credit-Our Travel Diaries's Facebook page

အခုလက်ရှိမှာဆိုရင် အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ဟာ ချစ်စရာကောင်းတဲ့သမီးလေး Scarlett Phyo Tunကိုလည်း ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ သမီးလေးဟာလည်း ဖြူဖြူဖွေးဖွေးပါးဖောင်းဖောင်းလေးနဲ့ အရမ်းချစ်စရာကောင်းနေတာဖြစ်ပြီး ဖေဖေ့ရဲ့အသည်းစွဲလေးပါနော်။ အာဘွိုင်းဟာမိသားစုကိုအချိန်ပေးပြီး ဂရုစိုက်တတ်တဲ့သူ‌လည်းဖြစ်တာကြောင့် သူတို့ရဲ့မိသားစုလေးဟာ အမြဲလိုလိုကြည်နူးစရာကောင်းနေတာပါနော်။

Photo Credit-Our Travel Diaries's Facebook page
Photo Credit-Our Travel Diaries's Facebook page

အာဘွိုင်းဟာ မကြာသေးမီကလည်း "ဒီတစ်ခေါက် Vlog လေးကတော့ မြတ်တို့ ပြီးခဲ့တဲ့အပတ်တုန်းက ကိုအာဘွိုင်းရဲ့ ဘွားဘွားဆုံးတာနှစ်သုံးဆယ်ပြည့်တာမို့ မိသားစုရေစက်ချအလှူပွဲလေးလုပ်ဖြစ်ခဲ့ပါတယ်။ မိသားစုတွေအမှတ်တရ လုပ်ဖြစ်တဲ့ အလှူလေးမို့ အမှတ်တရဖြစ်အောင်ရယ်၊ အားလုံးလည်းသာဓုခေါ်လို့ရအောင်ရယ်ဆိုပြီး ကုသိုလ်လေးတွေမျှဝေပေးလိုက်ပါတယ်နော်" ဆိုပြီး သူတို့မိသားစုရဲ့အလှူလုပ်နေတဲ့ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ကဲ....ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Our Travel Diaries's Facebook page
Photo Credit-Our Travel Diaries's Facebook page

Source-Our Travel Diaries's Facebook page

Photo Credit-Our Travel Diaries's Facebook page

Video Credit-Our Travel Diaries's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။