ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ သရုပ်ဆောင်ကောင်းတဲ့အပြင် ချစ်စရာကောင်းလွန်းတဲ့ ဟန်ပန်လေးတွေကြောင့် ပရိသတ်တွေက အမြဲအချစ်ပိုနေကြတာပါ..။

ဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မေလေးကတော့ ဇာတ်ကားတွေများစွာ ရိုက်ကူးထားပြီး ရိုးရှင်းအေးချမ်းတဲ့ပုံရိပ်လေေးတွနဲ့ အချစ်ပိုစေသလို အမိုက်ဖက်ရှင်လေးတွေနဲ့ ဖမ်းစားတတ်သူလေးပါပဲ..။


Photo Credit - May Myint Mo's Fb Account
Photo Credit - May Myint Mo's Fb Account

MRTV-4 ဇာတ်လမ်းတွဲတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေ တော်တော်များများပါ ရိုက်ကူးသရုပ်ဆောင်နေတဲ့ မေလေးကတော့ အနုပညာလောကထဲက စဝင်လာကတည်းက အစ်ကိုတစ်ယောက်လို ခင်ရတဲ့ မင်းသားချော အောင်ရေချမ်း ရှက်တတ်တဲ့ အကြောင်းလေးကိုလည်း ပြောပြလာပါတယ်နော်..။

ရှက်တတ်ပြီး တစ်ခုခုစနောက်လိုက်ရင် အဝေးမှာ သွားနေတတ်တဲ့ အောင်ရေချမ်းရဲ့ အကြောင်းလေးကို ပြောပြထားပြီး ရည်းစားရဖို့ကိုလည်း မေလေးက ဆုတောင်းပေးထားပါသေးတယ်နော်..။


Photo Credit - May Myint Mo's Fb Account
Photo Credit - May Myint Mo's Fb Account

“အစ်ကိုက ရှက်တတ်တယ် သူများယောကျ်ားလေးတွေဆို သိပ်မရှက်တတ်ဘူးလေ သူက ရှက်တတ်တယ် တစ်ခုခုနောက်လိုက်ပြီဆို အဝေးကြီးမှာ သွားနေရော.. အစ်ကိုလည်း ကြိုးစားလာခဲ့တဲ့အပိုင်းတွေကအများကြီးဆိုတော့ ဒီနှစ်ပိုင်းတွေမှာ စီးရီးတွေလည်း အများကြီးပိုပေါက်လာတယ်ဆိုတော့ အရမ်းကို ပျော်ပါတယ် ရည်းစားပြန်ရပြီလားမသိဘူး မေးရဦးမယ် မရသေးဘူးလို့ ပြောတာပဲ အဲ့ဒါလည်း ရပါစေလို့ ဆုတောင်းပေးပါတယ်..” ဆိုပြီး ပြောပြထားတာပါ..။

ချစ်စရာကောင်းပြီး ရယ်ရယ်မောမောလေး ပြောပြထားတဲ့ အားလုံးရဲ့အချစ်တော်မေလေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo By Myanmarload

Photo Credit - May Myint Mo's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။