သရုပ်ဆောင်မင်းသားချော အောင်ရေချမ်းကတော့ MRTV-4 ဇာတ်လမ်းတွဲတွေများစွာကို ရိုက်ကူးထားပြီး အနေအေးကာ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေရင်ထဲ အခိုင်အမာနေရာယူထားသူပဲ ဖြစ်ပါတယ်..။

သရုပ်ဆောင်ကောင်းတဲ့ အပြင် ယောကျ်ားပီသပြီး ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေကြောင့်လည်း မိန်းကလေးပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးမှုတွေကို အများဆုံးရရှိထားပြီး အောင်မြင်တဲ့ အနုပညာရှင်အဖြစ် ရပ်တည်လျှောက်လှမ်းနေသူလည်း ဖြစ်ပါတယ်နော်..။


Photo Credit - Aung Yay Chan's Fb Account
Photo Credit - Aung Yay Chan's Fb Account

အောင်ရေချမ်းကတော့ ဇာတ်ကားတွေများစွာ ရိုက်ကူးထားပြီး ရည်းစားရှိတယ်လို့ သူ့ကို ဆေးထိုးစနောက်ထားတဲ့ ဝင့်ယမုံနိုင်ကိုလည်း ပြန်လည်စနောက်လိုက်ပြီး အချစ်ရေးနဲ့ ပတ်သက်ပြီး ပြောပြလာပါတယ်နော်..။

သူငယ်ချင်းတွေဖြစ်ကြသလို အနုပညာမောင်နှမတွေလည်း ဖြစ်ကြတဲ့ အောင်ရေချမ်းနဲ့ ဝင့်ယမုံနိုင်တို့ကတော့ တစ်ယောက်နဲ့တစ်ယောက် အမြဲစနောက်နေကြပြီး အခုတစ်ခါမှာလည်း “သူက မနာလိုဖြစ်နေတာလေ ကျွန်တော့ပရိသတ်တွေက ပိုများတော့ သူက မနာလိုဖြစ်နေတာ ကျွန်တော့ပရိသတ်က ချစ်သူတွေပဲ..” ဆိုပြီး ဝင့်ယမုံနိုင်ကို အောင်ရေချမ်းက ပြန်လည်စနောက်ထားတာပါ..။


Photo Credit - Htet Zaw Aung Photography
Photo Credit - Aung Yay Chan's Fb Account

“အချစ်ဆိုတဲ့အရာကို စဉ်းစားရတာ ခေါင်းခြောက်တယ် အလုပ်နဲ့ အချစ်ရေးကို တွဲရတဲ့အခါကျ နားလည်မှုရှိရင်ကောင်းတယ် နားလည်မှုမရှိရင် အရမ်း ခေါင်းခြောက်တယ် အချစ်ရေးဆိုတာကို ခဏမေ့ထားတာ..” ဆိုပြီးတော့လည်း လက်ရှိအချစ်ရေးလေးအကြောင်းကိုလည်း ပြောပြထားပါသေးတယ်နော်..။

အချစ်ရေးလေးအကြောင်း ပြောရင်း အချစ်နဲ့ ပတ်သက်တဲ့ ခံစားချက် ခံယူချက်တွေကိုလည်း ပြောပြထားတဲ့ အောင်ရေချမ်းရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Alinn Yaung Photography

Photo Credit - Aung Yay Chan's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။