သိပ်ချစ်စရာကောင်းတဲ့ အမွှာသမီးလေးတွေရဲ့ မေမေချစ်သုဝေက ကလေးတွေနဲ့ ပထမဆုံးခွဲပြီးသွားရမှာမလို့ စိတ်မကောင်းအရမ်းဖြစ်နေပါတယ်။

ပထမဆုံးအကြိမ် သမီးလေးတွေကို ထားခဲ့ရတဲ့ မေမေရဲ့ခံစားချက်ကတော့

ခွဲရဖို့အတွက် လိုအပ်တာတွေကြိုတင်ပြင်ဆင်နေပါတယ်တဲ့။

နက်ဖြန်ခရီးအတွက်အသင့် ...

အသင့်မဖြစ်တာ မယ်ပျော့ရဲ့စိတ်...

ဒီ၄ရက်ခရီးအတွက် လွန်ခဲ့တဲ့လကတည်းက သမီးလေးတွေ ရိက္ခာလုံလောက်ဖို့ အပင်ပန်းခံ အနာခံ စုဆောင်းခဲ့ရတာ ,,

စိတ်ကိုလည်းကြိုတင်ပြင်ဆင်ပေါ့လေ..၄ရက်တောင်ခွဲရမှာမို့လား

လက်တွေ့ကျတော့လေ..

လွန်ခဲ့တဲ့တစ်ပတ်ကတည်းက မှိုင်းကျသွားတဲ့စိတ်..

တွေးလိုက်ရုံနဲ့ တောက်တောက်ယိုတဲ့မျက်ရည်...

ဪ ငါတော်တော် စိတ်ဓါတ်ခိုင်မာလှချည့်လားအေ:((

ပထမဆုံးအဖြစ်သမီးလေးတွေနဲ့ ၄ရက်တာခွဲဖို ့ ခရီးထွက်ရတဲ့နေ ့,,

၄ရက်လေးခွဲရတာ ပထမဆုံးမို ့လားမသိ ရင်ဘတ်တစ်ခုလုံးဟာပြီးပူလောင်နေတာများ...cctvမှာပေါ်နေတဲ့ မြင်ကွင်းသေးသေးလေးကိုအငမ်းမရကြည့်ရတာများ...ပိုဆိုးတာ လေယာဉ်တူခရီးသည်မိသားစုမှာရလသား သားငယ်လေးကဘေးမှာ,,သမီးလေးတွေကိုသတိရစိတ်နဲ့မျက်ရည်ကပိုးပိုးပေါက်ပေါက်...

သြော် အမေ ရယ်ဖြစ်လာရင် သားသမီးတွေအတွက် ထိပ်ဆုံးကတွေးမိကြတာလေလို့ သူ့facebookမှာ ရေးသားထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။