ပရိတ်သတ်ကြီးရေ.......မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတစ်ဆင့် ပရိတ်သတ်တွေရဲ့အားပေးမှုကို ရရှိလာခဲ့တာဖြစ်ပြီး နာမည်ရလာတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ ပန်းနုသွေးဆိုတဲ့ ဇာတ်ရုပ်လေးနဲ့ပရိတ်သတ်တွေစတင်သတိထားမိလာခဲ့တဲ့မေမြင့်မိုရ်ဟာ အခုလက်ရှိမှာဆိုရင် ရုပ်ရှင်ကားကြီးတွေပါ ဆက်တိုက်ရိုက်ကူးနေရပြီပဲဖြစ်ပါတယ်။ အမြဲအေးအေးလေးနေထိုင်တတ်လေ့ရှိတဲ့ မေလေးဟာသရုပ်ဆောင်ပိုင်းမှာဆိုရင် အပြစ်ပြောစရာမရှိအောင်ကို ကြိုးစားလုပ်ဆောင်တတ်သူလေးဆိုလည်း မမှားပါဘူးနော်။

Photo Credit-May Myint Mo's instgram acc
Photo Credit-May Myint Mo's instgram acc

မေမြင့်မိုရ်ပါဝင်ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွေဟာဆိုရင်လည်းပရိတ်သတ်တွေကြားမှာအရမ်းရေပန်းစားလေ့ရှိပြီး နာမည်ကြီးတဲ့ဇာတ်ကားကောင်းတွေပဲဖြစ်ပါတယ်။ မေမြင့်မိုရ်ဟာ အနုပညာအလုပ်တွေအပြင်ပရဟိတအလုပ်တွေကိုလည်း လုပ်လေ့ရှိသူဖြစ်ပြီး အနုပညာရှင်အချင်းချင်းကြားမှာလည်း ဆက်ဆံရေးကောင်းမွန်တဲ့သူဖြစ်တာကြောင့် လူချစ်လူခင်ပေါများတဲ့သူလေးပါနော်။ မေလေးဟာမိသားစုကိုလည်းအချိန်ပေးပြီးဂရုစိုက်တတ်တဲ့သူလေးဖြစ်ပြီး မောင်လေးဖြစ်သူရှင်းမြတ်ကလည်း အနုပညာအလုပ်တွေလုပ်ကိုင်နေပြီဖြစ်ပါတယ်နော်။

Photo Credit-May Myint Mo's instgram acc
Photo Credit-May Myint Mo's instgram acc

မေလေးဟာမိသားစုနဲ့လည်း မကြာသေးခင်အချိန်တုန်းက မဟာမြိုင်သဲဖြူဆရာတော်ကြီးကိုအလှူဒါနတွေသွားရောက်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အမြဲတန်းမိသားစုစုံစုံညီညီနဲ့ နေထိုင်လေ့ရှိတဲ့ မေလေးဟာမကြာသေးမီကလည်း သူမရဲ့my dayလေးမှာမိသားစုသုံးယောက်ရဲ့ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ကဲ....ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-May Myint Mo's instgram acc
Photo Credit-May Myint Mo's instgram acc

Source-May Myint Mo's instgram acc

Photo Credit-May Myint Mo's instgram acc

Video credit-May Myint Mo's instgram acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။