Sexy Actress အဖြစ်နဲ့ အနုပညာလမ်းကြောင်းပေါ်မှာလျှောက်လှမ်းနေတဲ့ သင်ဇာကတော့ အမြဲတမ်း သူမရဲ့ကျစ်လျစ်တဲ့ ခန္ဓာကိုယ်အလှတရားတွေကို ထုတ်ဖော်တတ်သူဖြစ်သလို ဒီတစ်ခေါက်မှာလည်း အားကစားဝတ်စုံလေးနဲ့ တောင့်တင်းတဲ့ အလှတရားတွေကို ဗီဒီယိုလေးနဲ့ ဝေမျှလိုက်ပြန်ပါပြီ။ ဘယ်အချိန်ကြည့်ကြည့် ရင်ခုန်ချင်စရာကောင်းတဲ့အလှကို ပိုင်ဆိုင်ထားသူမို့ ဒီတစ်ခေါက် ဗီဒီယိုလေးဟာလည်း ပုရိသတွေရဲ့အသည်းတွေ တဖြုတ်ဖြုတ်ကြွေသွားခဲ့ပြန်ပါပြီ။

Photo Crd - Thinzar Wint Kyaw's Facebook Account
Photo Crd - Thinzar Wint Kyaw's Facebook Account
Photo Crd - Thinzar Wint Kyaw's Facebook Account

Stay Home ကာလတွေမှာ လေ့ကျင့်ခန်းတွေအပြင်းအထန်လုပ်ထားတာကြောင့် လှချင်တိုင်းလှနေတဲ့ ခန္ဓာကိုယ်လေးဟာ အရင်ထက်တောင်ပိုပြီးဆွဲဆောင်မှုတွေပြည့်နေခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ချစ်သူမထားသေးဘဲ အပျိုကြီးအဖြစ်နဲ့ အလုပ်တွေကြိုးစားပြီး မိဘတွေကိုထောက်ပံ့ပေးနေတဲ့ သမီးလိမ္မာလေးတစ်ယောက်ပါ။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကလည်း Burmese Street Boxing ပွဲမှာ ဝင်ပြီးလက်ရည်စမ်းတဲ့ မောင်ဖြစ်သူကိုလည်း သွားပြီးအားပေးခဲ့ပါသေးတယ်။

Photo Crd - Thinzar Wint Kyaw's Facebook Account
Photo Crd - Thinzar Wint Kyaw's Facebook Account
Photo Crd - Thinzar Wint Kyaw's Facebook Account

အသက်သုံးဆယ်ကျော်အရွယ်လို့ထင်ရက်စရာမရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မတ်မတ်သင်ဇာဟာ ပျော်ပျော်နေတတ်သလို သူမရဲ့မိတ်ကပ်ဆရာနှစ်ယောက်ကိုလည်း အမြဲလိုလို စနောက်တတ်ပါသေးတယ်။ စိတ်ပျိုကိုယ်နုဆိုတဲ့ စကားလေးအတိုင်းပဲ ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေသူမို့ တစ်နေ့တခြားအလှတွေပိုပိုတိုးလာနေတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် သင်ဇာရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Thinzar Wint Kyaw's Facebook Account  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။