ပရိသတ်ကြီးရေ.. ဖြူဖြူထွေးလို့ ဆိုလိုက်တာနဲ့ သရုပ်ဆောင်ပိုင်းမှာ အောင်မြင်သလို ချစ်စရာကောင်းပြီး စိတ်ထားစေတနာကောင်းမွန်တဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်လေးတစ်ဦးကို ပရိသတ်တွေ မြင်ယောင်မိမှာပါနော်..။

စိတ်ထားစေတနာလေးကောင်းမွန်တဲ့ ဖြူဖြူထွေးကိုတော့ ပရိသတ်တွေအပြင် အနုပညာရှင်တွေကပါ ချစ်ခင်ကြတဲ့ ဖြူဖြူထွေးကိုတော့ သရုပ်ဆောင်စုရှိုင်းက ချီးကျူးစကားလေးနဲ့ သူ့ရဲ့ စိတ်ထားလေးအကြောင်း ပြောပြလာပါတယ်နော်..။


Photo Credit - Su Shine's Fb Account
Photo Credit - Amazing Grace

ဖြူဖြူထွေးနဲ့ “မအက္ခရာ” ဇာတ်ကားမှာ ဆုံခဲ့ကြတာဖြစ်ပြီး ကြော်ငြာတွေလည်း အတူရိုက်ကာ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်နေပြီး စိတ်ထားစေတနာလေး ကောင်းမွန်ပြီး စိတ်အရင်းခံရိုးရိုးသားသားလေးနဲ့ လူတိုင်းအပေါ် ဆက်ဆံတတ်တဲ့ ဖြူဖြူထွေးအကြောင်းကို ပြောပြထားတာပါ..။

“သူကတော်ပါတယ် ဒီလောက်အသက်ငယ်ငယ်လေးမှာ သူ့မှာကြိုးစားမှုတွေရော အဓိကကတော့ သူက စေတနာလေးထားတာ အားလုံးအပေါ်မှာ စေတနာလေးနဲ့ စိတ်အရင်းခံရိုးရိုးသားသားလေးနဲ့ လုပ်လိုက်တဲ့အပေါ်မှာ အဲ့ဒါလေးကို ပရိသတ်အရမ်းချစ်ကြတာပေါ့ ကိုယ်လည်း သူ့ကို ကြည့်ပြီးတော့ တော်တယ်ပေါ့ ချီးကျူးပါတယ်..” ဆိုပြီး ချီးကျူးစကားလေးနဲ့ ပြောပြထားတာ ဖြစ်ပါတယ်နော်..။

Photo Credit - Phyu Phyu Htwe's Fb Account
Photo Credit - Phyu Phyu Htwe's Fb Account

ကြော်ငြာတွေ အတူရိုက်ခဲ့တဲ့အမှတ်တရလေးတွေနဲ့ လူတိုင်းအပေါ် စေတနာထားတတ်သလို ချစ်စရာကောင်းတဲ့ ဖြူဖြူထွေးကို ချီးကျူးကာ ပထမဆုံးကြော်ငြာရိုက်ဖြစ်ခဲ့တဲ့ အကြောင်းလေးကို သရုပ်ဆောင် စုရှိုင်းက ပြောပြထားပါသေးတယ်နော်..။

ချစ်စရာကောင်းပြီး ရိုးသားကြိုးစားတဲ့ ဖြူဖြူထွေးအကြောင်းကို ပြောပြထားသလို ကြော်ငြာတွေအတူရိုက်ကာ လက်တွဲခေါ်တဲ့ အကြောင်းလေးတွေပါ ပြောပြထားတဲ့ စုရှိုင်းရဲ့ ဗီဒီယိုဖိုင်ကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Su Shine's Fb Account
Photo Credit - Amazing Grace

Photo Credit - Su Shine's Fb Account & Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။