ပရိသတ်တွေအားလုံးသိကြတဲ့အတိုင်း ခုချိန်မှာဆိုရင် Battle Royal Game တွေများစွာ ထွက်ရှိထားပြီး မြန်မာနိုင်ငံမှာ လူသိများဆုံးဂိမ်းကတော့ PUBG ပဲဖြစ်ပါတယ်။ PUBG အပြင် တခြားသော နာမည်ကြီး Battle Royal Game တွေကတော့ Apex Legends, Call Of Duty : Warzone နဲ့ Fortnite စသဖြင့်များစွာရှိပါတယ်။ ခုဆိုလဲ Ubisoft က Battle Royal Game အသစ်ဖြစ်တဲ့ Hyper Scape ကိုထွက်ရှိတော့မှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Test Version နဲ့ဆော့ကစားလို့ရပါတယ်။ အဲ့နောက်မှာတော့ ထွက်ရှိမယ့်နေ့ကို ကြေညာသွားမှာဖြစ်ပါတယ်။  

Hyper Scape ဆိုတဲ့ဂိမ်းရဲ့ တခြား Battle Royal Game တွေနဲ့မတူညီတဲ့အချက်လေးကတော့ ယေဘုယျအားဖြင့်ပြောရရင် Landing အပိုင်းနဲ့ သေသွားရင်တောင် ရန်သူဘယ်မှာရှိလဲဆိုတာ Mobile Legends က Diggie လိုမျိုး လိုက်ပြောပြလို့ရပါတယ်။ အဲ့အပိုင်းကတော့ ကစားသူတွေကို ကြိုက်နှစ်သက်စေတဲ့ အချက်တွေထဲက တစ်ခုအဖြစ်ပါဝင်နေပါတယ်။ Revive လုပ်မယ်ဆိုရင် ရန်သူသေသွားတဲ့နေရာမှာ ပြန်ပြီး ခေါ်လို့ရပါတယ်။ ၃ယောက်တစ်ဖွဲ့အနေနဲ့ကစားရမှာဖြစ်ပြီး ဂိမ်းရဲ့တခြားစိတ်ဝင်စားစရာကတော့ Twitch မှာ Stream နေတဲ့သူကို Viewer တွေက Battle Event Vote ပေးလို့ရပါတယ်။ 

Battle Event ဆိုတာကတော့ ဆော့နေရင်းနဲ့ Gravity မရှိတော့တဲ့ပုံစံတို့ Infinity ကျည်ပုံစံတို့ စသဖြင့် Vote ပေးလို့ရပါတယ်။ Battle Events ၇ ခုပါဝင်တာဖြစ်ပြီး Twitch မှာ ကြည်တဲ့ Viewer တွေအနေနဲ့တော့ ပျင်းစရာမရှိပါဘူး။ တူညီတဲ့ သေနတ်ကိုကိုင်ရင် Upgrade လုပ်လို့ရတာဖြစ်ပါတယ်။ အဆင့်၅ဆင့်ထိ Upgrade လုပ်လို့ရတာမို့ ပစ်နေရတာကောင်းစေမှာပါ။ တစ်ယောက်ကို Ability နှစ်ခုနဲ့ သေနတ်နှစ်လက် ကိုင်လို့ရပါတယ်။ အနိုင်ယူနည်းက နှစ်ခုရှိပြီး ပထမတစ်ခုက Crow ကို သတ်မှတ်ချိန်အတွင်း ဝတ်ထားရင်နိုင်တာဖြစ်ပြီး နောက်တစ်ခုက ရန်သူအကုန်လုံးကိုသတ်ပြီးရင်နိုင်ပါပြီ။ ပစ်ရခတ်ရတာတွေက PUBG လိုအေးဆေးပစ်ရတာမဟုတ်ပဲ COD တို့ Apex Legends တို့လို ပြေးရင်းလွှားရင်း ပစ်ခတ်ကြရတာမို့ ပစ်ရတာ ပိုအားရစေပါတယ်။  

သတင်းအရင်းမြစ် Omega

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။