ပရိသတ်တွေရဲ့အချစ်တော်တွေဖြစ်တဲ့ စိုးမြတ်သူဇာ၊စိုးမြတ်ကလျာ၊စိုးမြတ်နန္ဒာတို့ မင်းသမီးသုံးယောက်ဟာဆိုရင် ညီအစ်မအရင်းတွေဖြစ်ကြလို့ အနုပညာအရည်အသွေးတွေကလည်း တူညီကြပါတယ်။ပရိသတ်တွေကလည်း စိုးမြတ်သူဇာတို့ ညီအစ်မတွေကို တစ်ခဲနက်အားပေးဝန်းရံကြပြီး အရမ်းချစ်စရာကောင်းလွန်းလို့ တစ်ခေတ်မှာကတည်းက အောင်မြင်ခဲ့ကြတဲ့ မင်းသမီးတွေပဲဖြစ်ပါတယ်နော်။

Photo Cedit:Soe Kyi Phyu's Facebook Account
Photo Cedit:Soe Kyi Phyu's Facebook Account

စိုးမြတ်သူဇာကတော့ ယနေ့အချိန်ထိတိုင် အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေတာဖြစ်ပြီး စိုးမြတ်ကလျာကတော့ အနုပညာအလုပ်တွေကို လုံးဝမလုပ်ကိုင်တော့ပါဘူးနော်။အငယ်ဆုံးလေး ဒါဒါကတော့ မင်းသမီးပိုးထည်တိုက်လေးကိုလည်း ဦးစီးရင်း အနုပညာအလုပ်တွေကိုလည်း နိုင်သလောက်လေးလုပ်ဆောင်နေတာဖြစ်ပါတယ်။စိုးမြတ်သူဇာတို့ရဲ့မိခင် စိုးကြည်ဖြူကတော့ သမီးတွေရဲ့ငယ်ဘဝပုံရိပ်လေးတွေကို အမြဲလိုလို မျှဝေနေကျဖြစ်ပါတယ်နော်။

Photo Cedit:Soe Kyi Phyu's Facebook Account
Photo Cedit:Soe Kyi Phyu's Facebook Account
Photo Cedit:Soe Kyi Phyu's Facebook Account

အခုတစ်ခါမှာလည်း မကြီးစိုးရဲ့ မေမေက သမီးသုံးယောက်ရဲ့ နုပျိုလန်းဆန်းနေတဲ့ ပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်။စိုးမြတ်သူဇာတို့ ညီအစ်မသုံးယောက်ဟာဆိုရင် တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြလွန်းလို့ မိခင်တောင် ကြားဝင်လို့မရပါဘူးတဲ့နော်။မကြီးစိုးရဲ့မေမေကတော့"ညီအစ်မသုံးယောက်..သူတို့ညီအစ်မတွေချစ်ကြတာများ...အမေတောင်ကြားဝင်လို့မရဘူး"ဆိုပြီး သမီးသုံးယောက်ရဲ့ ပုံရိပ်လေးကို မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Cedit:Soe Kyi Phyu's Facebook Account
Photo Cedit:Soe Kyi Phyu's Facebook Account

Source&Photo Cedit:Soe Kyi Phyu's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။