ပရိသတ်ကြီးရေ နိုင်ငံကျော်အဆိုတော် အိမ့်ချစ်ကတော့ သူမတူတဲ့ အသံပါဝါနဲ့ စင်မြင့်ထက်မှာ ယုံကြည်မှုရှိရှိ သီဆိုဖျော်ဖြေရင်း ပရိသတ်အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူပဲဖြစ်ပါတယ်။ အိမ့်ချစ်က ကိုယ်ပိုင်ရေးသားထားတဲ့ တေးသီချင်းတွေနဲ့ တစ်ကိုယ်တော် အယ်ဘမ်လ်တွေများစွာကို ထွက်ရှိထားပြီး မြန်မာနိုင်ငံရဲ့ ထိတ်တန်းအနုပညာရှင်တစ်ယောက်လဲဖြစ်ပါတယ်။ မကြာသေးမီအချိန်ကမှ လက်ထပ်ထားတဲ့ အိမ့်ချစ်က သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာလည်းဖြစ်ပါတယ်.......။

Photo credit - Eint Chit's FB page
Photo credit - Eint Chit's FB page

ခင်ပွန်းဖြစ်သူရဲ့ အလိုလိုက်မှုတွေနဲ့ ဂရုစိုက်မှုတွေကို အပြည့်အဝရရှိထားတဲ့ အိမ့်ချစ်က တစ်နေ့တစ်ခြား ဝဝကစ်ကစ်လေးနဲ့ ချစ်စရာကောင်းလာတာကိုလည်း တွေ့ရပါတယ်။ သူမရဲ့ ကြည့်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပရိသတ်တွေကလည်း အားကျချစ်ခင်နေကြတာပဲဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုပုံရိပ်တိုင်းကို လူမှုကွန်ယက်စာမျက်နှာထက်မှာ မကြာခဏဆိုသလို မျှဝေပေးလျက်ရှိတဲ့ အိမ့်ချစ်က ယနေ့မှာလည်း Pre Weddingရိုက်ကူးခဲ့စဉ်က ဗီဒီယိုဖိုင်လေးတစ်ခုကို တင်ပေးလာတာပဲဖြစ်ပါတယ်.....။ 

Photo credit - Eint Chit's FB page
Photo credit - Eint Chit's FB page

အိမ့်ချစ်က လှပတဲ့ ဂါဝ◌န်အဖြူရောင်‌လေးကို ဝ◌တ်ဆင်ကာ သူမစိတ်ကူးထဲကအတိုင်း ဖြစ်ခွင့်ရလို့ အရမ်းပျော်ရွှင်နေတာလည်းဖြစ်ပါတယ်။ ကဲ ချစ်ရတဲ့ ပရိသတ်တွေလည်း အိမ့်ချစ်တို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ Pre Wedding ဗီဒီယိုဖိုင်လေးကို ကြည့်ရှုပြီး အချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ။ အိမ့်ချစ်ရဲ့ ဆက်လက်လျှောက်လှမ်းမယ့်အနုပညာလှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေက အားပေးလိုက်ကြပါအုန်းနော်......။

Photo credit - Eint Chit's FB page
Photo credit - Eint Chit's FB page

Photo credit - Eint Chit's FB page

Source - Eint Chit's FB page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။