မင်းသားကြီး နေမျိုးအောင် ကတော့ ဗီဒီယို ခေတ်ကာလ ထဲ က အနုပညာလောကထဲကို လျှောက်လှမ်းလာခဲ့ပြီး ပရိသတ်တွေ ရဲ့ အချစ်တွေကို ရရှိခဲ့တဲ့သူပါ။ ဇာတ်ကားတွေထဲမှာလည်း ကျရာဇာတ်ရုပ်ကို သဘာဝကျကျ ပီပြင်အောင် သရုပ်ဆောင်နိုင်တာတွေကြောင့် အောင်မြင်မှုတွေ ရရှိနေတာ ဖြစ်ပါတယ်။ လတ်ရှိမှာတော့ အနုပညာ အလုပ်တွေကို အရင်ကထပ် မလုပ်တော့ပေမယ့် ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်သွားအောင် ဖြည်းဖြည်းမှန်မှန် နဲ့ သာလုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Photo & Video Credit - Nay Myo Aung
Photo & Video Credit - Nay Myo Aung

မင်းသားကြီးနေမျိုးအောင် ကတော့ အသက်ရွယ် ရပေမယ့်လည်း ယနေ့ အချိန်ထိ ငယ်ရွယ်နုပျိုနေပြီး ခန့်ခန့်ညားညား ကြည့်လို့ကောင်းနေတုန်းပါပဲနော်..။ ဒါ့အပြင် နေမျိုးအောင် က သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေး အပြင် သားလေး နှစ်ယောက်နဲ့ ချစ်စရာ မိသားစု ဘဝ ကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ ယခုမှာဆိုရင်လည်း နေမျိုးအောင်က ချစ်ဇနီး လေး ရဲ့ အသက် ၄၃ နှစ်ပြည့် မွေးနေ့ အတွက် ချစ်ရတဲ့ သားလေး နှစ်ယောက်က အမှတ်မထင် ပြုလုပ်ပေးခဲ့ Surprise ဗီဒိယိုလေးကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြလာခဲ့ပါတယ်။

Photo & Video Credit - Nay Myo Aung
Photo & Video Credit - Nay Myo Aung

ဒီဗီဒီယိုလေးတွေ ထဲမှာတော့ သားလေးတွေ က မီးလုံးတွေနဲ့ အလှဆင်ထားတဲ့ မွေးနေ့ကိတ်လေးနဲ့ မိဘနှစ်ပါးကို Surprise လုပ်ကာ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင် မွေးနေပွဲလေးကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ ဒီ ဗီဒီယိုလေးတွေ နဲ့ လည်း မင်းသားကြီး နေမျိုးအောင် က "ညကအချစ်ကလေးတွေက Suprise လုပ်တာတဲ့ " ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ချစ်ဇနီးချောလေး ရဲ့ ၄၃ နှစ် ပြည့် မွေးနေ့ အတွက် သားလေးတွေ ရဲ့ Suprise လုပ်ထားတဲ့ နေမျိုးအောင် ရဲ့ ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo & Video Credit - Nay Myo Aung

Source -Nay Myo Aung 's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။