ပရိသတ်အချစ်တော်လေး ဖြူဖြူထွေးကတော့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်အဖြစ် လျှောက်လှမ်းနေတာမို့ ပရိသတ်တွေကလည်း ဝမ်းသာနေကြပါတယ်နော်..။ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ ဖြူဖြူထွေးကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေပြီး အခမ်းအနားပွဲတော်တော်များများလည်း တက်ရောက်ကာ ကြော်ငြာတွေလည်း ရိုက်ကူးနေသူလေးပဲ ဖြစ်ပါတယ်..။

Photo credit - Phyu Phyu Htwe's Facebook account
Photo credit - Phyu Phyu Htwe's Facebook account

ရိုးသားကြိုးစားကာ ပွင့်လင်းပြီးချစ်စရာကောင်းတဲ့ ဖြူဖြူထွေးကတော့ ရယ်စရာဟာသလေးတွေနဲ့ ပရိသတ်တွေကို အချစ်ပိုစေသလို ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့လည်း ဖမ်းစားသူလေး ဖြစ်ပါတယ်နော်..။ ဖက်ရှင်လေးတွေကိုလည်း လိုက်ဖက်ညီညီဝတ်ဆင်တက်တဲ့ ဖြူဖြူထွေးက ပုရိသပရိသတ်တွေသာမကပဲ မိန်းကလေးအချင်းချင်းကပါ အားပေးချစ်ခင်နေတာကိုလည်း တွေ့ရပါတယ်.....။ 

Photo credit - Phyu Phyu Htwe's Facebook account
Photo credit - Phyu Phyu Htwe's Facebook account

ပရဟိတလုပ်ငန်းတွေကိုလည်း များစွာလုပ်ကိုင်နေတဲ့ဖြူဖြူထွေးက ယနေ့မှာလည်း ငွေစက္ကူအထုပ်လိုက်ကိုင်ကာ မရှိဆင်းရဲသားတွေကို လှူဒါန်းနေတဲ့ ဗီဒီယိုဖိုင်လေးကို သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလါတာပဲ ဖြစ်ပါတယ်....။ ဗီဒီယိုဖိုင်လေးက ကြည့်ရှုသူပရိသတ်တိုင်းကို ပီတိဖြာမိစေမှာ အသေအချာပဲမို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ဖြူဖြူထွေးရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားတွေကိုလည်း ပရိသတ်တွေက အားပေးလိုက်ကြပါအုန်းနော်..... 

Photo credit - Phyu Phyu Htwe's Facebook account

Photo credit - Phyu Phyu Htwe's Facebook account

Source - Phyu Phyu Htwe's Facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။