အဆိုတော်Maryကတော့ အသံချိုချိုလေးနဲ့ သီချင်းကောင်းလေးတွေကို သီဆိုလေ့ရှိတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး အောင်မြင်နေတဲ့ အဆိုတော်တွေထဲမှာတစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ပြီး ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားခဲ့တဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ 

photo credit : mary ' s facebook page
photo credit : mary ' s facebook page

သူမကတော့ ယခုမှာ sexual harassmentလုပ်တာခံရပြီးသူမရဲ့ဖြစ်တည်မှုနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ပြောဆိုခဲ့တဲ့ လူတစ်ချို့ကြောင့် စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။သူမကတော့ " Mary သာအဆိုတော်တစ်ယောက်မဟုတ်ခဲ့ဘူး၊ ဒီလောကထဲသာမဝင်လာခဲ့ဘူးဆိုရင် သာမန် မိန်းကလေးတွေထဲက မိန်းကလေးတစ်ယောက်ပါပဲ...တစ်ချို့အရာတွေတော်တော်များများတွေကို Mary ဂရုမစိုက်ပဲထားနိုင်ပေမဲ့ အခုလိုမျိုး personal attack လုပ်တာမျိူးတော့ Mary လက်မခံနိုင်ပါဘူးရှင်။Mary professional လုပ်နေတဲ့ music အပေါ်မှာ ကြိုက်သလိုဝေဖန်လို့ရပါတယ်။ အဲ့လို အကြံပေးတာတွေအတွက်ကြောင့်လည်း ကျေးဇူးတင်ပါတယ်.. ရှေ့လျှောက်မှာပိုပြီးပြင်ဆင်လို့လည်းရတာပေါ့ "ဆိုပြီးရေးသားထားခဲ့ပါတယ် ။

photo credit : mary ' s facebook page
photo credit : mary ' s facebook page
photo credit : mary ' s facebook page

သူမကတော့ " ဒါပေမဲ့ Mary ရဲ့ဖြစ်တည်မှုကို လာစော်ကားတာမျိုးကြတော့ အဆင်မပြေပါဘူး။ အဆိုတော်ဖြစ်နေလို့ ပြောတိုင်းခံရမယ်ဆိုတာရှိပါသလားရှင်။Mary ကိုယ်တိုင် #ရောင်စုံခွန်အား ဆိုတဲ့ campaign မှာအမျိုးသမီးတွေကိုစော်ကားတာ (sexual harassment) ကိုယ်ထိလက်ရောက်ကျုးလွန်လာတာမျိူးကိုရပ်ဖို့ ပါဝင်ခဲ့တာပါ။ နောက်လည်း အမျိုးသမီးတွေအတွက် stand လုပ်ပေးတဲ့ အဖွဲ့အစည်းတွေရှိရင်လည်း Mary ကိုယ်တိုင် ထပ်ပါဝင်ပေးဦးမှာပါ။ဒီလိုကိစ္စမျိုးကို Mary ဘယ်အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပြီး အရေးယူလို့ရမလဲဆိုတာ အကြံပေးပါဦး။စာအရှည်ကြီးလည်း မရေးဖူးဘူး.. အဆုံးထိဖတ်ပေးတဲ့ အတွက်လည်းကျေးဇူးပါ  Mary ကိုအခုချိန်ထိ ဘယ်လိုအခြေအနေဖြစ်ဖြစ်အားပေးလာတဲ့သူအယောက်ဆီတိုင်းကို ထပ်ပြီးတော့ ကျေးဇူးတင်ပါရှင် "ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Source : mary ' s facebook page 

photo credit : mary ' s facebook page
photo credit : mary ' s facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။