တက်သစ်စမင်းသားချောလေး ကျော်ထက်ဇော် ကတော့ ပရိသတ်တွေအားပေးဝန်ရံခြင်းကြောင့် အနုပညာလောကမှာ နေရာတစ်နေရာကို ရပ်တည်ထားနိုင်ခဲ့ပါပြီးနော်...။ ကျော်ထက်ဇော်က ကြော်ငြာ်တွေနဲ့ ရုပ်သံဇာတ်တွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်ရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကျော်ထက်ဇော် ဟာ စိတ်သဘောထား ပြည့်ဝပြီး သူတစ်ပါးပေါ်မှာ အမြဲကူတက်ကာ အလှူအတန်းတွေကိုလည်း တက်နိုင်သလောက်ပါဝင်လှူဒါန်းပေးတာ ကိုတွေ့ရပါတယ်နော်..။

Photo & Video Credit - Kyaw Htet Zaw
Photo & Video Credit - Kyaw Htet Zaw

ကျော်ထက်ဇော် က စမတ်ကျပြီး တည်ကြည်ခန့်ညားမှုတွေကြောင့် နှုတ်ခမ်းနီမလေးတွေ အပြတ်သတ်ကို ဝန်းရံခံနေရသူလေးပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ ခရီး တွေကို ဆက်တိုက်ဆိုသလို သွားနေရပြီး သူသွားခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို တင်ပေးလေ့ရှိပါတယ်။ ယခုတစ်ခါတော့ ကချင်ပြည်နယ် ကို ရောက်ရှိနေပြီ အထင်ကရ နေရာတစ်ခုဖြစ်တဲ့ အင်းတော်ကြီး ရွှေမဉ္ဇူ ရေလယ် ဘုရားကို သွားရောက် ဖူးမျှော်ရင်း ပရိသတ်တွေအတွက် ရိုက်ထားတဲ့ ဗီဒီယိုလေးကို ဖော်ပြလာခဲ့ပါတယ်။

Photo & Video Credit - Kyaw Htet Zaw
Photo & Video Credit - Kyaw Htet Zaw

ဒီဗီဒီယို လေးနဲ့လည်း ကျော်ထက်ဇော် က "မြန်မာနိုင်ငံရဲ့ အကြီးဆုံး ရေကန်တစ်ခုဖြစ်သလို တန်ခိုးကြီးတဲ့ အကြောင်းတွေကို စာတွေသာဖတ်ခဲ့ဖူးတဲ့အတွက် အရမ်းရောက်ဖူးချင်နေခဲ့မိတာအမှန်ပါ ရောက်ဖူးတဲ့သူတွေလည်းရှိသလို မရောက်ဖူးသေးတဲ့ ဇော်ဂျီလေးတွေ အားလုံးအတွက် အမှတ်တရ ဖူးစေချင်လို့ တင်ပေးလိုက်ပါတယ်ဗျ" ဆိုပြီး ရေးသားထားပါသေးတယ် နော်....။ ကဲ...ချစ်ပရိသတ်ကြီး အင်းတော်ကြီး ရဲ့ အလှတရားတွေနဲ့ ရွှေမဉ္ဇူ ရေလယ် ဘုရားကို သွားရောက် ဖူးမျှော်ခဲ့တဲ့ ကျော်ထက်ဇော် ရဲ့ ဗီဒီယိုလေးကို ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo & Video Credit - Kyaw Htet Zaw

Source - Kyaw Htet Zaw 's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။