ချီချီလို့ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေသူလေးကတော့ အနုပညာလောကကို ရောက်ရှိတာ မကြာသေးပင်မယ့်လည်း အားလုံးရဲ့ အချစ်တွေကို သိမ်းပိုက်ရရှိထားတဲ့ မင်းသမီးလေး တစ်လက်လည်း ဖြစ်ပါတယ်။ ချီချီဟာ Beauty Blogger အဖြစ်နဲ့ပါ တွဲဖက်လုပ်ကိုင်နေပြီး စီးပွားရေးဘက်မှာလည်း အောင်မြင်မှုတွေ ရရှိနေတဲ့ ထက်မြက်တဲ့ မိန်းကလေးတစ်ဦးပဲ ဖြစ်ပါတယ်။

Photo Crd- Beauty By Nay Chi’s Facebook Page
Photo Crd- Beauty By Nay Chi’s Facebook Page
Photo Crd- Beauty By Nay Chi’s Facebook Page

ချီချီဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ မရှိသေးဘဲ စီးပွားရေးအလုပ်တွေပဲ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း မိသားစုပိုင်တဲ့ စိမ်းလဲ့တင်ကို အလည်အပတ်သွားရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ " နေခြည့်အတွက် အသစ်ဆန်းဖြစ်နေတဲ့ စိမ်းလဲ့တင်

ဒီ ပိတ်ရက်ကတော့ နေခြည့်အတွက် လုံးဝ well-spent ပါပဲ။​ စိမ်းလဲ့တင်မှာ ကျားသစ်ပေါက်လေးတွေ ရောက်နေပြီဆိုတာနဲဲ့ နေခြည်တို့ ပျော်တာ ပျော်တာဆိုတာ။ ဒီပိတ်ရက်တော့ နေခြည့် Schedule တွေ ရွေ့ပြီး စိမ်းလဲ့တင်ကို သွားလိုက်တယ်။ ရန်ကုန်နဲ့ လည်း အရမ်းမဝေးဘဲ​ ပိတ်ရက်ကို စိတ်ပြေလက်ပျောက် အေးအေးချမ်းချမ်း အနားယူရတာ အရမ်းကောင်းတာပဲ။​ 

Photo Crd- Beauty By Nay Chi’s Facebook Page
Photo Crd- Beauty By Nay Chi’s Facebook Page
Photo Crd- Beauty By Nay Chi’s Facebook Page

နေခြည်တို့ တော်တော်လေး အပန်းပြေပြီးတော့ ပျော်လည်းပျော်ခဲ့တယ်။​ နေခြည်က နေခြည့် အပျော်လေးတွေ မျှဝေချင်လို့ Vlog လေး ရိုက်လာခဲ့တယ်။ နေခြည့်အတွက် အံ့သြစရာတွေ ဖြစ်နေတဲ့ Sane Let Tin Hotel & Natural Resort က ဘယ်လိုတွေ ပြောင်းလဲသွားပြီလဲ ဆိုတာကို ဒီ Vlog လေးမှာ ဆက်ကြည့်ပေးပါဦးလို့

အားလုံး ကျန်းမာပျော်ရွှင်ကြပါစေရှင်

ချစ်တဲ့

Your social media bff

နေခြည်

#beautybynaychi #naychioo

#lifestylevlog #sanelettin #kyikehto " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် မိသားစုပိုင်စိမ်းလဲ့တင်ကိုသွားရောက်ပြီး ကျားသစ်လေးတွေကိုချီကာ ပျော်ပျော်ပါးပါးဆော့ကစားနေတဲ့ချီချီရဲ့ Videoလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Beauty By Nay Chi’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။