ရွှေအိမ်စည်ကိုတော့ ပရိသတ်တွေတော်တော်များများက အလှမယ်ပြိုင်ပွဲတွေကတစ်ဆင့် စတင်ရင်းနှီးလာခဲ့ကြမယ် ထင်ပါတယ်နော်။ နိုင်ငံတကာအလှမယ်ပြိုင်ပွဲမှာပါ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဥ်ပြိုင်ခဲ့တဲ့ ရွှေအိမ်စည်က ပရိသတ်တွေရဲ့အပြတ်အသတ် အားပေးဝန်းရံမှုကို ရရှိခဲ့တာ ဖြစ်ပါတယ် ။ ယနေ့အချိန်မှာတော့ ရွှေအိမ်စည်က သရုပ်ဆောင်ပိုင်းကိုသာ ဦးစားပေးလုပ်ကိုင်နေတာ ဖြစ်ပါတယ် ။

Photo Credit-Shwe Eain Si's FB Acc
Photo Credit-Shwe Eain Si's FB Acc
Photo Credit-Shwe Eain Si's FB Acc

ရွှေအိမ်စည်က အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေ၊ဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ အများဆုံးရိုက်ကူးခဲ့ရတာ ဖြစ်ပါတယ် ။ ကိုယ်ခန္ဓာအချိုးအစားပြေပြစ်ပြီး စွဲမက်ဖွယ်ကောင်းလောက်အောင် လှနိုင်လွန်းတဲ့ အိမ်စည်က အမြဲတမ်းယုံကြည်မှုရှိရှိ လှနေတာ ဖြစ်ပါတယ် ။ အခုလည်း အိမ်စည်က ဆွဲဆောင်မှုအပြည့်နဲ့ ညို့အားပြင်းစွာအလှပိုနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်တာ ဖြစ်ပါတယ် ။

Photo Credit-Shwe Eain Si's FB Acc
Photo Credit-Shwe Eain Si's FB Acc
Photo Credit-Shwe Eain Si's FB Acc

ဒီတစ်ခါမှာလည်း ရွှေအိမ်စည်က အရမ်းလန်းလွန်းတဲ့ ဖက်ရှင်လှလှလေးကို ဝတ်ဆင်ထားပြီး ထိထိမိမိလှနေတာပဲ ဖြစ်ပါတယ် ။ အထာကျကျပို့စ်တွေ အပီအပြင်ပေးကာ ဓာတ်ဖမ်းနေတဲ့ အိမ်စည်ကတော့ ဆွဲဆောင်မှုရှိရှိ ဖမ်းစားထားနိုင်တာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ရွှေအိမ်စည်ရဲ့အမိုက်စားပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Shwe Eain Si's FB Acc

Photo Credit-Shwe Eain Si's FB Acc
Photo Credit-Shwe Eain Si's FB Acc
Photo Credit-Shwe Eain Si's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။