စူစူလို့ ပရိသတ်တွေ ချစ်စနိုးနဲ့ ခေါ်ဆိုကြတဲ့ သရုပ်ဆောင် မင်းသမီးချောလေး အိချောပိုကတော့ ပီပြင်ပြီး အပိုလိုမရှိကွက်တိကျလွန်းတဲ့ သရုပ်ဆောင် မှုတွေကြောင့် အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုတွေများစွာနဲ့ ရှေ့ဆက်လျှောက်လှမ်းနေသူ အနုပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ အနုပညာမျိုးရိုးမရှိဘဲ " အနုပညာ ပျိုးခင်း " မှတစ်ဆင့် လူရွေးချယ်ခံကာ ဝင်ရောက်လာသူဖြစ်ပြီး ယနေ့ချိန်မှာတော့ ထိပ်တန်းမင်းသမီးလေး တစ်လက်အဖြစ် ရပ်တည်နေပါပြီနော်။ 

Photo Crd- Ei Chaw Po’s Facebook Account
Photo Crd- Ei Chaw Po’s Facebook Account
Photo Crd- Ei Chaw Po’s Facebook Account

စူစူဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုလေးတွေ သိပ်မလုပ်သေးဘဲ အနားယူနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကို အလွမ်းပြေစေရန်လည်း သူမရဲ့ ပုံရိပ်လေးတွေအမြဲ ဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။ အားရင် အားသလိုလည်း Tik Tok လေးတွေ ဆော့ကစားလေ့ရှိပြီး သူမရဲ့ Tik Tok Video လေးတွေဟာလည်း ပရိသတ်တွေကြားမှာ နာမည်ကြီး ရေပန်းစားလျက် ရှိနေတာပဲ ဖြစ်ပါတယ်။ 

Photo Crd- Ei Chaw Po’s Facebook Account
Photo Crd- Ei Chaw Po’s Facebook Account
Photo Crd- Ei Chaw Po’s Facebook Account

မနေ့ညကလည်း စူစူရဲ့ Facebook Story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ညီမလေးနဲ့အတူ မြူးမြူးကြွကြွသံစဉ်တွေကြားမှာ ဟန်ချက်ညီညီကနေကြတဲ့ အိချောပိုရဲ့ Tik Tok Video လေးပဲ ဖြစ်ပါတယ်။ စူစူဟာ အကကရတာကိုလည်း ဝါသနာပါသူ တစ်ယောက်ဖြစ်ပြီး သူမကတဲ့ ပုံစံလေးဟာလည်း ကြည့်ရှုသူတိုင်းကို အချစ်ပိုစေမှာ အသေချာဖြစ်တာကြောင့် အိချောပိုရဲ့ Tik Tok Video လေးကို အခုပဲ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Ei Chaw Po’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။