ဟာသဗီဒီယိုလေးတွေရိုက်ကူးရင်းကနေ Cele တစ်ဦးအဖြစ် Social Media ထက်မှာ လျှမ်းလျှမ်းတောက်အောင်မြင်လာခဲ့တဲ့ ဖြူဖြူထွေးက အခုဆိုရင် သရုပ်ဆောင်အဖြစ်ပါ လျှောက်လှမ်းနေရပြီ ဖြစ်ပါတယ် ။ သရုပ်ဆောင်တော်တဲ့ ဖြူဖြူထွေးက ဝါရင့်သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးနေရတာ ဖြစ်ပါတယ် ။ ဝေဖန်တိုက်ခိုက်မှုတွေကြားမှာ ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ ဖြူဖြူထွေးတစ်ယောက် အခုဆိုရင် အားလုံးရဲ့လက်ခံအားပေးမှုကို ရရှိနေတာ ဖြစ်ပါတယ် ။

Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc

ရိုးသားဖြူစင်ပြီး စိတ်ရင်းစေတနာကောင်းတဲ့ ဖြူဖြူထွေးက ဇာတ်ပို့သရုပ်ဆောင်တွေကိုလည်း ကြော်ငြာတွေခေါ်ရိုက်ရင်း လိုအပ်တဲ့ငွေကြေးနဲ့ ဆန်၊ဆီတွေ လှူဒါန်းပေးနေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ဖြူဖြူထွေးက မိဘနှစ်ပါးကို ရိုးရိုးသားသားရှာဖွေလုပ်ကျွေးနေတဲ့ သမီးလိမ္မာလေးလည်း ဖြစ်ပါတယ် ။ အခုလည်း ဖြူဖြူထွေးတစ်ယောက် သူမအရမ်းချစ်ရတဲ့ ဖေဖေနဲ့မေမေကို လက်အုပ်ချီပြီး တရိုတသေကန်တော့နေတာ ဖြစ်ပါတယ် ။

Photo Credit-Phyu Phyu Htwe's Tik Tok Acc
Photo Credit-Phyu Phyu Htwe's Tik Tok Acc
Photo Credit-Phyu Phyu Htwe's Tik Tok Acc

ဖြူဖြူထွေးကတော့ မိဘနှစ်ပါးရဲ့ခြေရင်းမှာထိုင်ပြီး လက်ဆယ်ဖြာထိပ်မှာမိုးကာ ရှိခိုးဦးချနေတာပဲ ဖြစ်ပါတယ် ။ သိတတ်လိမ္မာပြီး ယဥ်ကျေးတဲ့သမီးလေး ဖြူဖြူထွေးကိုကြည့်ပြီး မိဘနှစ်ပါးကလည်း ကြည်နူးပီတိတွေဖြစ်ကာ ပြုံးပျော်နေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးတို့မိသားစုသုံးယောက်ရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Phyu Phyu Htwe's Tik Tok Acc

Photo Credit-Phyu Phyu Htwe's Tik Tok Acc
Photo Credit-Phyu Phyu Htwe's Tik Tok Acc
@phyuhtwe777

original sound - KDPPE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။