အဆိုတော် စန္ဒီမြင့်လွင် ကတော့ ဂီတလောမှာ Rap သီချင်းတွေနဲ့ ပရိသတ်တွေ ရဲ့ ရင်ထဲမှာနေရာ ယူထားနိုင်ခဲ့ သူလေးပဲဖြစ်ပါတယ်။ စန္ဒီမြင့်လွင် ကတော့ ယခုဆိုရင်လည်း သာယာ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားပြီး ချစ်ကောင်းတဲ့ သမီးလေးတစ်ယောက်နဲ့ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစု ဘဝလေးကို ရရှိထားတာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သမီးလေးရဲ့ နာမည် ကိုတော့ Treasure လို့လည်း ပေးထားကာ ဖေဖေ မေမေတို့ ရဲ့ အသည်းကျော်လေးပါနော်...။

Photo & Video Credit - Sandy Myint Lwin
Photo & Video Credit - Sandy Myint Lwin

မေမေ စန္ဒီမြင့်လွင်ရဲ့ နဲ့ရုပ်ချင်းတစ်ထေရာတည်း တစ်နေ့တခြား ပိုပိုတူလာကာ ပါးဖောင်းဖောင်းလေးတွေနဲ့ အရမ်းကိုချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်တွေရဲ့အချစ်တွေကို ရရှိနေခဲ့တာ ဖြစ်ပါတယ် ။ဒါ့အပြင် မေမေစန္ဒီမြင့်လွင်ကတော့ ပရိသတ်တွေရဲ့အချစ်ကိုပါ ရရှိစေဖို့ အတွက် Treasure ရဲ့လှုပ်ရှားမှုပုံရိပ်လေလးတွေကိုလည်း အမြဲတမ်းမျှဝေပေးနေတာကိုတွေ့ပါတယ် ။ အခုလည်း စန္ဒီမြင့်လွင်က ချစ်ခင်ပွန်းနဲ့သမီးလေးရဲ့ ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းဗီဒီယိုလေးကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာ ပေါ်မှာတင်ပေးလာခဲ့ပါတယ်နော်..။

Photo & Video Credit - Sandy Myint Lwin
Photo & Video Credit - Sandy Myint Lwin

ဒီ ဗီဒီယိုလေး ထဲမှာတော့ ခင်ပွန်း နဲ့ အတူဆော့ကစားနေတဲ့ သမီးလေး Treasure လေးကတော့ ဖေဖေ ရဲ့ ရင်ခွင်လေးထဲမှာ ကပ်ချွဲနေပြီး အနမ်းတွေ ပေးနေတဲ့ ပုံစံလေးကတော့ မေမေ အသည်းယားအောင်လုပ်တာပဲဖြစ်ပါတယ်။ ဒီပုံလေးတွေ နဲ့ လည်း မမေစန္ဒီမြင့်လွင်ကတော့ " အော်တစ်လောကလုံးသူတို့သားအဖနှစ်ယောက်ထဲရှိနေတယ်ထင်နေတာလားမသိပါဘူးနော် မေမေ့ကိုအဲ့လိုများတစ်ခါမှမနမ်းဘူးနော် အေးအေ " ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားပါသေးတယ်။ကဲ... ချစ်ပရိသတ်တွေအတွက် အရမ်းကိုအသည်းယားစရာကောင်းတဲ့ စန္ဒီမြင့်လွင်သမီးလေးရဲ့ချစ်စရာဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Photo & Video Credit - Sandy Myint Lwin & Heart

Source - Sandy Myint Lwin's facebook Page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။