photo credit - Claw Esports Facebook page

မနေ့က ဇူလိုင်လ 8 ရက်နေ့ညပိုင်းလောက်မှာတော့ မြန်မာနိုင်ငံက အကောင်းဆုံး MLBB teams တွေထဲက တစ်ခုဖြစ်တဲ့ Claw Esports ကတော့ fan တွေအတွက် စိတ်မကောင်းစရာသတင်းတစ်ခုကိုကြေညာခဲ့ပါတယ်။

Claw Esports ကြေညာခဲ့တာကတော့ အသင်းနဲ့ players တွေကြားမှာ ရည်ရွယ်ချက်ခြင်း မတူညီတော့တာကြောင့် MLBB team က players တွေအားလုံးနဲ့ လမ်းခွဲလိုက်ပြီဆိုတာပဲဖြစ်ပါတယ်။

Claw Esports လမ်းခွဲလိုက်တဲ့ MLBB team roster ကတော့

shinshinkick

VIVI

Naomi

Peka

justin

Batman

ပဲဖြစ်ပါတယ်။

Claw Esports အနေနဲ့ လက်ရှိအချိန်မှာ players အသစ်တွေခေါ်ယူဖို့အတွက်လည်း စီစဉ်နေပြီး Line-up ငြိမ်တာနဲ့ ကြေညာပေးသွားမှာဖြစ်ကြောင်းကိုလည်း Claw Esports အနေနဲ့ သူတို့ရဲ့ facebook page ကနေ ကြေညာပေးထားပါတယ်။

Claw Esports အနေနဲ့ လာမယ့် ဇူလိုင်လ 20 ရက်နေ့မှာစတင်ကျင်းပမယ့် Mytel International Championship MLBB tournament မှာလည်း ယှဉ်ပြိုင်ဖို့ direct invite ရရှိထားတာဆိုတော့ အဲ့ပွဲမတိုင်ခင် Claw Eports ဘယ်သူတွေကိုခေါ်ယူသွားမလဲဆိုတာကတော့ စိတ်ဝင်တစားနဲ့ စောင့်ကြည့်သွားရမှာပါပဲ။ 

source - Claw Esports Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။