ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့် ပရိသတ်တွေအားလုံးက အချစ်ပိုနေရသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးပဲ ဖြစ်ပါတယ်။ ချီချီဟာ Beauty Blogger လောကမှ တစ်ဆင့် အနုပညာလောကကို ဝင်ရောက်လာသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ချီချီဟာ အမိုက်စားဖက်ရှင်လေးတွေကို စမတ်ကျကျ ဝတ်ဆင်တတ်သူ မင်းသမီးချာလေး တစ်ဦးပဲ ဖြစ်ပါတယ်။ ချီချီဟာ ရုပ်ရှင်ဇာတ်ကားတွေကို လက်မလည်အောင် ရိုက်ကူးနေရပြီး သူမရဲ့ သရုပ်ဆောင်မှုတွေဟာလည်း တစ်ကားထက်တစ်ကား ပိုမိုတိုးတက်လာတာလည်း ဖြစ်ပါတယ်။ 

Photo Crd - Nay Chi Oo's Facebook Account
Photo Crd - Nay Chi Oo's Facebook Account
Photo Crd - Nay Chi Oo's Facebook Account

ချီချီဟာ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ မရှိသေးဘဲ တစ်ခြားစီးပွားရေးအလုပ်တွေကိုလည်း လစ်ဟာမှုမရှိရအောင် လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ အနုပညာအလုပ်တွေ ပါးနေတုန်း ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်ရအောင် ပုံရိပ်လေးတွေနဲ့ Tik Tok Video လေးတွေကို အချိန်ရရင် ရသလို ဝေမျှတင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့ Facebook Story မှာ Video လေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။  

Photo Crd - Nay Chi Oo's Facebook Account
Photo Crd - Nay Chi Oo's Facebook Account
Photo Crd - Nay Chi Oo's Facebook Account

ဒါကတော့ ကြာဇံဟင်းကို အားရပါးရစားနေတုန်း လျှာကျက်သွားလို့ မျက်နှာလေးရှုံ့မဲ့မဲ့ဖြစ်သွားတဲ့ နေခြည်ဦးရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ချီချီဖြစ်သွားတဲ့ ပုံစံလေးဟာလည်း ပရိသတ်တွေကို အသည်းတယားယားဖြစ်သွားစေပြီး အချစ်ပိုစေမှာဘဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် နေခြည်ဦးရဲ့ Video လေးတွေကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Nay Chi Oo's Facebook Account  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။