မင်းသမီးချောလေး မိုးယုစံကတော့ အခုနောက်ပိုင်းမှာဆိုရင် Tiktok လေးတွေကို ကစားလာပြီး သူမရဲ့အိုင်တင်လေးတွေကလည်း အရမ်းချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေက အားပေးကြပါတယ်နော်။မိုးယုက အနုပညာအလုပ်လေးတွေကိုလည်း အနည်းငယ်ပြန်လည်လုပ်ဆောင်နေတာဖြစ်ပြီး မိသားစုအတွက်လည်း အချိန်အပြည့်ပေးပါတယ်။မိုးယုရဲ့သားလေး ကောင်းသိင်္ခမိုးသူလေးကတော့ မကြာခင်မှာ (၃)နှစ်ပြည့်တော့မှာဖြစ်ပါတယ်နော်။

Photo Credit:Kaung Theinkha Moe Thu's Facebook Account/MY DREAM
Photo Credit:Kaung Theinkha Moe Thu's Facebook Account/MY DREAM

မေမေ့ရဲ့ပြုစုစောင့်ရှောက်မှုတွေအောက်မှာ ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာပြီး လိမ္မာရေးခြားလည်းရှိပါတယ်နော်။မိုးယုတို့မိသားစုလေးက သာယာနွေးထွေးမှုအပြည့်ရှိပြီး စည်းစည်းလုံးလုံးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။ကောင်းသိင်္ခမိုးသူလေးကလည်း အမေတူလေးဖြစ်လို့ တစ်နေ့တစ်ခြားပိုပိုချစ်ဖို့ကောင်းလာပြီး ဒီအရွယ်လေးနဲ့တင် လူချစ်လူခင်ပေါများတဲ့ ကလေးလေးတစ်ယောက်ဖြစ်ပါတယ်နော်။

Photo Credit:Kaung Theinkha Moe Thu's Facebook Account/MY DREAM
Photo Credit:Kaung Theinkha Moe Thu's Facebook Account/MY DREAM

မိုးယုရဲ့သားသားလေးက ရေကူးရတာကို အရမ်းကြိုက်နှစ်သက်လို့ မိုးယုတို့ဇနီးမောင်နှံက သားလေးနဲ့အဖော်လုပ်ပေးပြီး မကြာခဏရေကစားကြပါတယ်။အခုဆိုရင်လည်း ဖေဖေနဲ့မေမေက ကိုင်ထားပေးပြီး ကောင်းသိင်္ခမိုးသူလေးကတော့ ခြေထောက်ကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ လှုပ်ရှားပြီး ရေကူးနေတာဖြစ်ပါတယ်။မိုးယုတို့မိသားစုသုံးယောက်ကတော့ ရေကူးကန်ထဲမှာ အရမ်းပျော်ရွှင်နေကြပြီး ကြည်နူးစရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Kaung Theinkha Moe Thu's Facebook Account/MY DREAM
Photo Credit:Kaung Theinkha Moe Thu's Facebook Account/MY DREAM

Source&Photo Credit:Kaung Theinkha Moe Thu's Facebook Account

Video Credit:Kaung Theinkha Moe Thu's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။