ပရိသတ်ကြီးရေ သရုပ်ဆောင် လူရွှင်တော်ကြီး မန်းဝင်းကိုတော့ မိတ်ဆက်ပေးစရာမလိုလောက်အောင် ရင်းနှီးပြီးသားဖြစ်မှာ အသေအချာပါပဲ။ ဒါပေမယ့် ယခုခေတ်လူငယ်တွေကတော့ ဦီးမန်းဝင်းရဲ့ အနုပညာဖန်တီးမှုတွေကို သိရှိသူနည်းမယ်ထင်ပါတယ်။ အနုပညာလောကထဲကို ခက်ခက်ခဲခဲ ဝင်ရောက်ခဲ့တဲ့ မန်းဝင်းက တောင်သူလယ်သမားဘဝကနေ မြို့တက်ကာ ကြိုးစားရုန်းကန်ပြီး ယခုလို အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်......။ 

Photo credit - Chan Thar Mann Win's Facebook account
Photo credit - Chan Thar Mann Win's Facebook account

အနုပညာမျိုးရိုးမရှိပေမယ့် တစ်ယောက်ထဲကြိုးစားရုန်းကန်ပြီး နေရာတစ်ခုကို အခိုင်အမာရရှိခဲ့တဲ့ မန်းဝင််းက သူရဲ့ အတက်ပညာလေးတွေနဲ့ပျော်ရွှင်စရာတွေ ရုပ်ရှင်ဇာတ်ကားတွေအများကြီးရိုက်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ ဦးမန်းဝင်းက ကျန်းမာရေးမကောငး်တာကြောင့် အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားြပီး ဆေးရုံတက်နေရတာလည်းဖြစ်ပါတယ်။ နှစ်ရှည်လများကြာထိ ဆေးရုံတက်နေရတဲ့ မန်းဝင်းက လတ်တလောမှာတော့ ကျန်းမာရေးအနည်းငယ်ကောင်းမွန်နေပြီလည်းဖြစ်ပါတယ်.........။

Photo credit - Chan Thar Mann Win's Facebook account

သူရဲ့ သားသမီးတွေနဲ့ ဇနီးဖြစ်သူကလည်း အစွမ်းကုန်ပြုစုနေတာကြောင့် ယခုလို ပြန်လည်ကောင်းမွန်လာတာလည်းဖြစ်ပါတယ်..။ မကြာသေးမီအချိန်က သားဖြစ်သူ ချမ်းသာမန်းဝင်းရဲ့ လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာထက်မှာ ဖခင်ဖြစ်သူနဲ့အတူ ရိုက်ကူးထားတဲ့ ပုံလေးတွေအပြင် "ဖေကြီးစကားပြောတာ လူကောင်းနီးပါဖြစ်နေပြီ ဝမ်းသာလိုက်တာဗျ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ သိရှိစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်........။ 

Photo credit - Chan Thar Mann Win's Facebook account
Photo credit - Chan Thar Mann Win's Facebook account
Photo credit - Chan Thar Mann Win's Facebook account

Photo credit - Chan Thar Mann Win's Facebook account

Source - Chan Thar Mann Win's Facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။