မင်းသမီးချောလေး စံရတီမိုးမြင့် ကတော့ သွယ်လျကျစ်လျစ်တဲ့ခန္ဓာကိုယ်အလှတရားတွေအပြင် ဖြူဖွေးနုဖက်နေတဲ့ အသားရည်လေးကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေချစ်ခင်မှုကို အပြည့်သိမ်းပိုက်ထားတဲ့ သူလေးပဲဖြစ်ပါတယ်။ စံရတီမိုးမြင့်က သရုပ်ဆောင်ပိုင်းမှာလည်း ပီပြင်အောင်သရုပ်ဆောင်ချက်တွေကြောင့်လည်း အောင်မြင်မှုတွေကိုရရှိနေတာဖြစ်ပါတယ်။ သူမကတော့ တစ်နေ့တစ်ခြား အရွယ်တင်နုပျိုပြီး အမြဲတမ်းလန်းဆန်းတက်ကြွနေတာကိုလည်း ပရိသတ်တွေ ချစ်အားပိုနေရတာဖြစ်ပါတယ်။

Photo & Video Credit - San Yati Moe Myint
Photo & Video Credit - San Yati Moe Myint

လတ်တလော ကပ်ရောဂါဆိုးကြီးကြောင့် အနုပညာအလုပ် ခေတ္တရပ်နားထားခဲ့ကာ ချစ်ရတဲ့ မိသားစုလေးနဲ့ အတူတူ အနားယူနေတာဖြစ်ပါတယ်။ စံရတီမိုးမြင့်ကတော့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်သလို ပျိုမဒီလေးတွေ လေးစားအားကျရတဲ့ ခပ်မိုက်မိုက် body လေးကို ရရှိဖို့အတွက် နေ့စဉ်ဆိုသလို Gym ရုံကို သွားရောက်ကာ ဆော့ကစားနေတာကိုလည်း တွေ့ရပါတယ်။ယခုမှာဆိုရင်တော့ စံရတီမိုးမြင့် က Gym အခန်းမှာ ဆော့ကစားရင်း ပရိသတ်တွေ နဲ့ Live လွှင့်ပြီး အလွမ်းပြော စကားတွေ ပြောခဲ့တဲ့ ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ်။

Photo & Video Credit - San Yati Moe Myint
Photo & Video Credit - San Yati Moe Myint

ဒီဗီဒီယိုလေးတွေ ထဲမှာတော့ မင်းသမီးချောလေး စံရတီမိုးမြင့် က အသားကပ်ဝတ်စုံလေးကိုဝတ်ပြီး ဆွဲဆောင်မှုရှိရှိ ရင်ခုန်စရာကောင်းလောက်ပါတယ်နော်..။ ဒါ့အပြင် ပရိသတ်တွေနဲ့ တရင်းတနှီး စကားတွေပြောကာ မေးသမျှတွေကို စိတ်ရှည်ရှည်နဲ့ ဖြေကြားပေးနေတာကိုလည်း တွေ့ရပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ Gym ဆော့ကစား ရင်း ပရိသတ်တွေနဲ့ အလွမ်းပြေ စကားတွေပြောနေတဲ့ စံရတီမိုးမြင့် ရဲ့ ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်...။

Photo & Video Credit - San Yati Moe Myint

Source -San Yati Moe Myint 's facebook Page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။