Music videoတွေမှာ ပါဝင်သရုပ်ဆောင်ရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဆောင်းယွန်းစံပဲဖြစ်ပါတယ်။ ဆောင်းယွန်းစံက နောက်ပိုင်းမှာတော့ ဗီဒီယိုဇာတ်ကားအတော်များများမှာ ပါဝင်သရုပ်ဆောင်နေပြီး ရွှေကြိုမယ်အဖြစ်လည်း ပါဝင်ဆောင်ရွက်ကာ လူသိများအောင်မြင်လာတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဆောင်းယွန်းက ချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ မြင်သူငေးရလောက်အောင် ဆွဲဆောင်မှုရှိလွန်းသူဖြစ်လို့ ပုရိသပရိသတ်တို့ အသည်းစွဲအားပေးချစ်ခင်နေရတဲ့ သူတစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်.....။

Photo credit - Saung Yoon San's Facebook account
Photo credit - Saung Yoon San's Facebook account

ဆောင်းယွန်းက လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေနဲ့ photo shootingတွေကို လက်ခံရိုက်ကူးနေတာပါ။ သူမ အားလပ်တဲ့ အချိန်လေးတွေမှာလည်း ပြည်တွင်းခရီးစဉ်တွေကို ထွက်ရှိနေတဲ့ ဆောင်းယွန်းက မကြာသေးမှီအချိန်က ကရင်ပြည်နယ်ကို သွားရောက်လည်ပတ်နေခဲ့တာလည်းဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုပုံရိပ်တိုင်းကို လူမှုကွန်ယက်စာမျက်နှာထက်မှာ မကြာခဏဆိုသလို မျှဝေပေးလျှက်ရှိနေတဲ့ ဆောင်းယွန်းက ယနေ့မှာလည်း ပိုစ့်တစ်ခုတင်ပေးလာတာပါနော်.....။

Photo credit - Saung Yoon San's Facebook account
Photo credit - Saung Yoon San's Facebook account
Photo credit - Saung Yoon San's Facebook account

အနုပညာရှင် မောင်နှမတွေဖြစ်ကြတဲ့ မော်ဒယ်လ်သရုပ်ဆောင် ထွန်းကိုကို ၊ သရုပ်​ေဆာင် မင်းသမီးချောလေး ရတနာဗိုလ်နဲ့အတူ မထင်မှတ််ထားပဲ မဟာမ်ြိုင်ဆရာတော်ဘုရားကြီးကို ဖူးမြော်ခွင့်ရလို့ ဝမ်းသာပျော်ရွှင်နေတာလည်းဖြစ်ပါတယ်...။ ဆရာတော်ဘုရားကြီးကို လှူဒါန်းဒါနပြုလုပ်နေတဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ဖေ့ဘွတ်စာမျက်နှာထက်မှာ တင်ပေးလာတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုပြီး အချစ်ပိုစေရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်.....။

Photo credit - Saung Yoon San's Facebook account
Photo credit - Saung Yoon San's Facebook account
Photo credit - Saung Yoon San's Facebook account

Photo credit - Saung Yoon San's Facebook account

Source - Saung Yoon San's Facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။