အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်း၏ ကစားသမားဟောင်း နာမည်ကျော်ဘရာဇီးကစားသမား အော်စကာတစ်ယောက် သူ့ရဲ့ကစားသမားမပီသမှုကြောင့် တရုတ်စူပါလိဂ်ပွဲစဉ်မှာ ပွဲကစားနေရင်း ရန်ပွဲအကြီးအကျယ်ဖြစ်ခဲ့ပါတယ်။

ယခုလက်ရှိ တရုတ်ကလပ် ရှမ်ဟိုင်းFCကလပ်မှာကစားနေတဲ့ အော်စကာတစ်ယောက် ကွမ်ကျိုးFCနဲ့ကစားခဲ့တဲ့ တရုတ်စူပါလိဂ်ပွဲစဉ်မှာ ပွဲကစားနေရင်း ပြိုင်ဖက်ကစားသမား၂ယောက်ကို ရယ်ရွယ်ချက်ရှိရှိ ဘောလုံးဖြင့်ကန်ခဲ့သောကြောင့် ပြိုင်ဘက်ကစားသမားများ၏ တွန်းဆွဲမှုကိုခံခဲ့ရကာ မြက်ခင်းပေါ်သို့ လဲကျခဲ့သည်။

မြက်ခင်းပေါ်သို့လဲနေသော အော်စကာကို ပြိုင်ဘက်ကစားသမားတစ်ယောက်ကခြေဖြင့်ကန်ရန်ကြိုးစားခဲ့သလို ရှမ်ဟိုင်းFCကလပ်မှကစားသမားနည်းပြများမှအော်စကာကိုကာကွာယ်ရန်ပြေးလာခဲ့သလို ကွမ်ကျိုးFCအသင်းမှကစားသမားများလည်းအပြေးရောက်လာသည်။ ရန်ပွဲကြောင့် တစ်သင်းစီကကစားသမား၁ယောက်ဆီ အနီကတ်ဖြင့်ထုတ်ခံခဲ့ရသော်လည်း အော်စကာကမူလွတ်မြောက်ခဲ့သည်။

Hein  

သတင်းအရင်းမြစ် Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။