photo credit - WePlay! Esports twitter

WePlay! Esports ကတော့သူတို့အနေနဲ့ လာမယ့် July လ 13 ရက်နေ့ကနေ 19 ရက်နေ့ထိ WePlay! Valorant Invitational tournament ကိုကျင်းပပြုလုပ်ပေးသွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာတော့ direct invite ရရှိတဲ့ Valorant team 6 teams နဲ့ qualifier နှစ်ခုကနေ qualified ဖြစ်လာမယ့် valorant team 2 teams နဲ့ စုစုပေါင်း 8 သင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာပဲဖြစ်ပါတယ်။

Direct invite ရရှိထားတဲ့ Valorant teams တွေကတော့

Fish123

forZe

G2 Esports

Ninjas in Pyjamas

Prodigy

PatyParrots

တို့ပဲဖြစ်ပါတယ်။

Qualifier 1 ကတော့ လာမယ့် 13 ရက်နေ့မှာဆော့ကစားသွားမှာဖြစ်သလို qualifier 2 ကတော့ 14 ရက်နေ့မှာဆော့ကစားသွားမှာပဲဖြစ်ပြီး qualified ဖြစ်လာမယ့် အသင်း နှစ်သင်းကတော့ main stage မှာ ယှဉ်ပြိုင်ခွင့်ရမှာပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ စုစုပေါင်းပေးအပ်သွားမယ့် total prize pools ကတော့ $50,000 USD ဖြစ်ပြီး 1st place ရရှိတဲ့အသင်းကတော့ $25,000 USD ရရှိမှာပဲဖြစ်ပါတယ်။

2nd place ရရှိတဲ့အသင်းကတော့$15,000 USD ရရှိမှာဖြစ်ပြီး 3rd-4th pace ကတော့ $5,000 USD စီရရှိမှာပဲဖြစ်ပါတယ်။

source - WePlay! Esports Twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။