ပရိတ်သတ်ကြီးရေ......ဗီဒီယိုဇာတ်ကားများ ရုပ်ရှင်ကားများနဲ့အနုပညာလောကထဲစတင်၀င်ရောက်လာခဲ့ပြီး ပရိတ်သတ်အားပေးမှုရရှိလာတဲ့ မင်းသမီးချောလေးပိုင်ဖြိုးသုကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ 3 Girlsရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်း အကယ်ဒမီဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိထားတာဖြစ်ပါတယ်။ ဒါ့ပြင်သုသုလေးဟာ ဒါရိုက်တာဏကြီးနဲ့အတူ သာယာပျော်ရွှင်စရာကောင်းတဲ့မိသားစုဘ၀လေးကိုလည်းတည်‌ထောင်ထားတာဖြစ်ပါတယ်။

Photo credit-Myatsoe Kyaw
Photo credit-Myatsoe Kyaw

ခင်ပွန်းဖြစ်သူဏကြီးနဲ့ သုသုလေးတို့ရဲ့ မီဆိုတဲ့ရုပ်ရှင်ကားကြီးဟာဆိုရင်လည်း ပရိတ်သတ်ကြားမှာရေပန်းစားခဲ့တဲ့ ရုပ်ရှင်ကားကြီးလည်းဖြစ်ပါတယ်။ ပိုင်ဖြိုးသုနဲ့ဏကြီးတို့ ဇနီးမောင်နှံဟာ အတွဲညီညီနဲ့အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေကြတာဖြစ်ပြီး အောင်မြင်မှုတွေအပြည့်အ၀ရရှိထားကြတာပါ။ သုသုလေးဟာ ခင်ပွန်းဖြစ်သူရဲ့အပေါ်မှာတော့ ကလေးတစ်ယောက်လိုချွဲပြီး နေတတ်တဲ့သူလေးဖြစ်ပါတယ်နော်။

Photo credit-Myatsoe Kyaw
Photo credit-Myatsoe Kyaw

ပိုင်ဖြိုးသုဟာ မကြာခဏဆိုသလို သူမတို့မိသားစုလေးရဲ့အကြောင်းတွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလေ့ရှိပါတယ်။ပိုင်ဖြိုးသုဟာ အေးဆေးစွာနေလေ့ရှိတဲ့သူတစ်ယောက်လည်းဖြစ်ပြီး အလုပ်ဆိုလည်းအရမ်းကြိုးစားတဲ့သူလေးပါ။ မကြာသေးမီကလည်း သူမရဲ့ ကျက်သရေရှိပြီးအေးချမ်းလှတဲ့ပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ.....ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Myatsoe Kyaw
Photo credit-Myatsoe Kyaw

Source-Khay's Facebook acc

Photo credit-Myatsoe Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။