ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောတွေဖြစ်ကြတဲ့ အိချောပိုနဲ့ မေမြင့်မိုရ်တို့ကတော့ အနုပညာလောကမှာ ပရိသတ်တွေအခိုင်အမာနဲ့ အောင်မြင်စွာ ရပ်တည်နေကြသူတွေပဲ ဖြစ်ပါတယ်နော်..။

သူမတို့ အချစ်တော်လေးနှစ်ယောက်ကတော့ သရုပ်ဆောင်ကောင်းကြတဲ့ အပြင် ကိုယ်ပိုင်ပင်ကိုယ်အလှလေးတွေကိုယ်စီနဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကြောင့်လည်း အားလုံးက အချစ်ပိုအားပေးဝန်းရံနေတာဆိုလည်း မမှားပါဘူးနော်..။


Photo Credit - May Myint Mo's Fb Account
Photo Credit - May Myint Mo's Fb Account

ပုရိသပရိသတ်တွေရဲ့အချစ်တွေကို အများဆုံးရရှိထားကြတဲ့ သူမတို့နှစ်ယောက်ဟာ အင်္ကျီင်တူလေးတွေ ဝတ်ပြီး အတူတွေ့ဆုံခဲ့ကြတဲ့ အမှတ်တရလေးတွေအကြောင်းကိုလည်း မေလေးက ပရိသတ်တွေကို ပြောပြလာပါတယ်..။

အရင်ကတည်းက ခင်ကြပြီး အခုနောက်ပိုင်း ပိုပြီးရင်းနှီးကြကာ အခတုစ်ခါမှာလည်း အနုပညာအလုပ်တွေကြောင့် တွေ့ဆုံကြတာ မဟုတ်ဘဲ အပြင်မှာ သပ်သပ်ချိန်းပြီး တွေ့ဆုံကြတာ ဖြစ်တဲ့အကြောင်းလေးတွေကို ရယ်ရယ်မောမောလေးနဲ့ အရွှန်းဖောက် ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit - May Myint Mo's Fb Account
Photo Credit - Alinn Yaung Photography

“ကြော်ငြာရိုက်တာ မဟုတ်ဘူး ဒီလိုပဲ ချိန်းတွေ့တာပေါ့နော် ဒီလိုပဲဆုံဖြစ်တာပေါ့နော် ဆုံဖြစ်တော့ တွဲဖြစ်တာပေါ့ အရင်ကတည်းကလည်း အစ်မနဲ့က ခင်ပြီးသားဆိုတော့ အခုနောက်ပိုင်း ပိုပြီးတော့ ရင်းနှီးပါတယ် ကချင်ဝတ်စုံလေးတွေ အတူတူဝတ်ဖြစ်ကြတာ ..” ဆိုပြီး မေလေးက ပြောပြထားတာပါ..။

စူစူနဲ့ သူမတို့ရဲ့ ချစ်စရာဆက်ဆံရေးလေးအကြောင်းအပြင် အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြထားတဲ့ အချစ်တော်မေလေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - May Myint Mo's Fb Account
Photo Credit - May Myint Mo's Fb Account

Photo Credit - May Myint Mo's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။