ရုပ်သံဇာတ်လမ်းတွဲများမှတစ်ဆင့် ပရိသတ်တွေကြားမှာ နာမည်ကြီး ရေပန်းစားလာသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ခေးဆက်သွင်ပဲ ဖြစ်ပါတယ်။ သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ " နှင်းဆီ " ဆိုတဲ့ ရုပ်သံဇာတ်လမ်းထဲက သူမရဲ့ သရုပ်ဆောင်ပုံလေးကို အားလုံးက သဘောကျ ကြိုက်နှစ်သက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ သူမဟာ လတ်တလောမှာလည်း ကြော်ငြာလေးတွေ ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအပေါ်လည်း အလေးထား ဆက်ဆံတာကြောင့်လည်း လူချစ်လူခင် ပေါ်များတဲ့ မင်းသမီးလေးတစ်လက်အဖြစ် နာမည်ကျော်ကြားနေတာပဲ ဖြစ်ပါတယ်။  

Photo Crd - Khay Sett Thwin's Facebook Account
Photo Crd - Khay Sett Thwin's Facebook Account
Photo Crd - Khay Sett Thwin's Facebook Account

သူမရဲ့ ကိုယ်လုံးလေးဟာလည်း မိန်းကလေးချင်းတောင် ငေးမောအားကျယူနေရတာလည်း ဖြစ်ပါတယ်။ သူမရဲ့ ပုံစံလေးကလည်း ဘယ်ဖက်ရှင်နဲ့ မဆို အမြဲတမ်း လိုက်ဖက်လွန်းနေတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာလည်း ခေးဆက်သွင်တစ်ယောက် မန္တလေးကို အလည်အပတ်ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေကို အမြဲလိုလို ဝေမျှတင်ဆက်ပေးနေတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။  

Photo Crd - Khay Sett Thwin's Facebook Account
Photo Crd - Khay Sett Thwin's Facebook Account
Photo Crd - Khay Sett Thwin's Facebook Account

ဒါကတော့ အထာကျကျ Shisha သောက်ရင်း စတိုင်အပြည့်နဲ့ အပြတ်ဂေါ်နေတဲ့ ခေးဆက်သွင်ရဲ့ အမိုက်စား Video လေးပဲ ဖြစ်ပါတယ်။ သူမရဲ့ Shisha အငွေ့မှုတ်ထုတ်နေတာလည်း အထာကျလွန်းနေတာလည်း ဖြစ်ပါတယ်။

ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ခေးဆက်သွင်ရဲ့ အမိုက်စား ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Khay Sett Thwin's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။